(uni)

38 6 2
                                    

(စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။)

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ပြီး မှောင်မိုက်နေခဲ့တယ်။ဒီအချိန်ကညသန်းခေါင်ယံချိန်လည်းဖြစ်တာကြောင့် လူတိုင်လည်းအိပ်စက်အနားယူနေကြပြီး။ သို့သော် တိုက်ခန်းငယ်တစ်ခုမှာတော့ ကောင်လေးတစ်ယောက်ကအခုထိမအိပ်စက်နိုင်သေး။သူခဗျာတစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး သူ့ရင်ဘက်ပေါ်မှာရှိတဲ့စောင်ကိုလက်ဖြင့်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။သူ့မျက်နှာချင်းကအခန်းဖော်မှာကောင်းကောင်းအိပ်စက်နေပေမယ့် သူ့မှာတော့တစ်စုံတစ်ရာလာတော့မှာကိုကြောက်ရွံ့နေသည်။

ထိုစဉ်ပတ်ဝန်းကျင်တစ်ခုအေးခဲလာသည်။ လေတိုးသံတွေနားထဲမှာကြားယောင်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးချွေးတွေကျနေတာတောင် အေးစက်နေခဲ့ပြီး။ရေချိုးခန်းထဲမှရေစက်ချတဲ့အသံတွေကတိတ်ဆိတ်တဲ့ညလယ်မှာခြောက်ခြားဖွယ်ကောင်းစွာထွက်ပေါ်လာသည်။ လရိပ်အေးကသူကိုပြတင်ပေါက်ကနေတစ်စုံတစ်ယောက်စူးစိုက်ကြည့်နေတာကိုခံစားနေရလိုက်တာကြောင့် သူတစ်ကိုယ်လုံးအဆက်မပြတ်တုန်ရီလာသည်။ သူသိနေတယ် သူကိုကြောက်မက်ကောင်းတဲ့တစ်စုံတစ်ယောက်က သူကိုစူးစိုက်ကြည့်နေတယ်ဆိုတာ။ သူမဝံ့မရဲဖြင့် ပြတင်ပေါက်ကိုကြည့်လိုက်တော့ အကျီၤရောင်ကိုတောင်သွေးတွေဖြင့်ဖုံးလွှမ်းတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ကသူကိုစိုက်ကြည့်နေတာကိုတွေ့လိုက်တော့ အေးခဲသွားကာ အသက်ရူတာရပ်တန့်သွားသည်။ အဲ့ အဲ့မိန်းကလေးရဲ့မျက်ဝန်းထောင့်တွေကနေ သွေးတွေတဖြည်းဖြည်းချင်းစီးကျလာကာ သူကိုစိုက်ကြည့်နေရာမှ ဖြည်းညှင်စွာခေါင်းကိုစောင်းပြီး သူကိုခြောက်ခြားဖွယ်ကောင်းစွာပြုံးပြလာသည်။ သူပါးပြင်ပေါ်မှာမျက်ရည်တွေတောက်လျှောက်စီးဆင်းလာကာ သူအမြန်စောင်ကိုခေါင်းကိုခြုံလွှမ်းလိုက်ပေမယ့် အသံမထွက်ရဲ့သေး။ သူ့အော်ဟစ်ပြီးအကူအညီတောင်းချင်တယ်။ဒါပေယမယ့် သူသိနေခဲ့တယ် အဲ့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး။သူရဲ့မျက်နှာချင်းဆိုင်က အခန်းထဲကကြောက်မက်ဖွယ်တွေကိုမသိဘဲအေးချမ်းစွာအိပ်စက်နေသောအခန်းဖော်ဆီကိုသွားချင်နေပြီး။ ထိုစဉ်မှာအခန်းထဲမှာတရွေရွေလမ်းလျှောက်လာသံတွေကြားလာသည်။သူတို့အခန်းမှာ သူ့သူငယ်ချင်းနဲ့သူဘဲရှိတယ်။ သူငယ်ချင်ကအိပ်နေတုန်းဆိုပေမယ့် သူတို့ကုတင်ခြေရင်းကနေအသံကကြားနေရတာ။ဖြည်းဖြည်းချင်း တွားသွားလာသံ။သူကုတင်နဲ့နီးလာတော့မှာ။ လရိပ်အေးကြောက်လန့်ကာမျက်ရည်တွေအဆက်မပြတ်ထွက်လာသည်။ပြီးတော့သူမအော်ရဲကာသူလက်တွေကိုပါးစမ်နဲ့ကိုက်ထားသည်။ သူရသည့်ဘုရားစာအကုန်ရွတ်နေပေမယ့် ပြတင်ပေါက်မှာသူကိုစူစိုက်ကြည့်နေတာတွေ၊ရေချိုးခန်းထဲကရေစက်သံတွေ၊သူ့တို့ကုတင်ခြေရင်းကတရွေ့ရွေ့လမ်းလျေှက်သံတွေကမပျောက်ကွယ်သွားသေး။
သူကြောက်တယ်။သူကြောက်တယ် အဲ့အရာတွေကိုသူကြောက်တယ်။ သူမျက်ရည်တွေတသွင်သွင်စီးကျကာသူကိုယ်ကတုန်ရီနေသည်။

၀ီလ်ံ(Completed)Where stories live. Discover now