Unexpected Marriage Ep(8)
^ရော့ သောက်လိုက်ဦး^
လက်ထဲတွင် ပါလာသော coffee ကို ခုံတန်းပေါ်တွင် ထိုင်နေသော Baek ဆီကို လှမ်းပေးလိုက်သည်.....
^မနေ့က...^
^Jong In...^
^မပြောနဲ့ဦး ငါပြောတာအရင်နားထောင်....^
Baek ပါးစပ်ပြန်ပိတ်သွားရသည်.....
^မနေ့က အဖြစ်အပျက် ငါအစအဆုံးမြင်လိုက်တယ် Jung Soo Min က Chan Yeol ကို sam ခေါ်တယ်ဆိုပြီး အတင်းခေါ်သွားတာ ခေါ်တာတောင် ရိုးရိုးမခေါ်ဘူး လက်ဆွဲပြီးခေါ်သွားတာ...နင်မြင်တဲ့အတိုင်းပဲ....ပြီးတော့ နင်ထွက်သွားပြီးတဲ့နောက်ပိုင်း တခြားသူတွေ ဘာပြောလဲသိလား?? သူနဲ့နင့်ကို ပုတ်ခတ်တဲ့ စကားလုံးတွေ Chan Yeol မပြောနဲ့ ငါ့နားထဲကိုတောင် ငါမထည့်နိုင်ဘူး...အဲ့ဒါတောင် သူနောက်ဆုံးပြောခဲ့တဲ့စကားကဘာလဲသိလား??? # Baek ကိုအထင်မလွဲပါနဲ့# တဲ့..... သူအဲ့နေရာမှာတင်ပေါက်ကွဲလို့ရခဲ့တယ်...သူ့သိက္ခာကြောင့်....ဒါပေမဲ့....နင်သိလား နင်ခံစားမိခဲ့လား?? အဲ့ဒါဘာကြောင့်လဲဆိုတာ....သူဘာကြောင့်အဲ့လိုပြောခဲ့လဲဆိုတာ..... ပြီးတော့ရော...နင်ဘာစိတ်ကြောင့်....Soo Min ကို ပါးသွားရိုက်ခဲ့လဲ ဆိုတာ....နင်နဲ့ငါ သူငယ်ချင်း တွေဖြစ်နေတာကြာပြီ....ငါ Chan Yeol လောက် နင့်ရင်ထဲကို မမြင်နိုင်ပေမဲ့ ငါမြင်နိုင်သလောက်ငါမြင်နိုင်ပါတယ်...Baek Hyun နင့်စိတ်ကို နင်မြင်အောင်ကြည့်ပါ....နင့်နှလုံးသားကို နင်ကိုယ်တိုင် ဝင်ကြည့်ပါ....^
Jong In ရဲ့စကားတွေအဆုံး...Baek Hyun ရဲ့ မျက်လုံးမှ မျက်ရည်ပေါက်က တောက်ခနဲ....သူမ မှားသွားခဲ့ပြီ.....သူမ မနေ့က ပြောခဲ့တာတွေ....Chan Yeol ကို ဖောက်ပြန်တတ်တဲ့ ယောက်ျား လို့ပြောခဲ့တာတွေ Chan Yeol အနေနဲ့ စိတ်မတိုရင်တောင် ရှက်သွားမိမှာ.....လပ်ထပ်ပြီး ကာလအတွင်း သူ့ကို မဖြစ်စလောက်...အသေးအမွှားကိစ္စက အစ ပြဿနာ ရှာခဲ့တာတွေ...ဒီအတောအတွင်း...သူမှားခဲ့တာတွေက ခေါင်းထဲမှာ...photo show ပြနေသလို အစီအရီ....နောက်ဆုံးမထိန်းနိုင်တဲ့အဆုံး..သူမငိုချလိုက်တော့သည်....
^ငိုချလိုက် Byun Baek Hyun^
Jong In Baek ကို သူ့ရင်ခွင်ထဲထည့်ထားပေးလိုက်သည်....သူတို့လိုမျိုးရင်းနှီးနေတဲ့ သူငယ်ချင်း တွေအတွက်...အခုလို တစ်ယောက်ငိုရင် တစ်ယောက်က ရင်ခွင် ငှါးပေးတာ မထူးဆန်း.......
{snap...snap...}
မိနစ် အနည်းငယ်ကြာမှ.....
^gomawow Jong In နင်ကငါ့အတွက် အကောင်းဆုံး သူငယ်ချင်း ပဲ^
Baek မျက်ရည်စ များကြားမှ ပြုံးကာ ပြောလိုက်သည်...
^ကျေးဇူးတင်တာလည်း တင်ပေါ့...အစ်မတော်...အင်္ကျီလေးတော့ ပြန်လျှော်ပေးပေါ့နော် မျက်ရည်+နှာချေး :P^
^Yah!!Kim Jong In!!!!^ ဆိုပြီး Jong In ရဲ့ ကျောကို တဖုန်းဖုန်း နဲ့လိုက်ရိုက်နေသည်.....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Baek'POV
အခုတော့ ကျွန်မ Byun Baek ကိုယ့်ကိုယ်ကို သိသွားပါပြီ.... Park Chan Yeol ကြီးကို ချစ်နေတယ် ဆိုတာကိုပေါ့... arnyi...ချစ်ခဲ့တယ်ဆိုတာပေါ့....ဟိဟိ
ကျောင်းဆင်းချိန်ရောက်နေပြီဆိုတော့ အိမ်ပြန်ဖို့ ကျောင်း gate ပေါက်ဝကိုသွားလိုက်တယ်...ဪ...
^ahjishi သမီး Chan Yeol နဲ့ပဲပြန်လာလိုက်မယ်တော့မယ်... ahjishi ပြန်နှင့်တော့နော်^
ပြောပြီးပြီဆိုတာနဲ့ gate နားမှာရပ်စောင့်နေလိုက်တယ်...
သူနဲ့ Baek က အတူမပြန်ဘူးလေ...ရိပ်မိမှာ စိုးလို့ ဆိုပြီး ၂စီးခွဲသွားတယ်... အဲ့ဒါလည်း Baek ရဲ့ စနက်ပေါ့ ဟီးဟီး ဘာတွေရူးခဲ့မှန်းမသိပါဘူး... သူကတော့ တခြား ကားမောင်းတဲ့ driver နဲ့ပေါ့...Baek ကျတော့ အိမ်က ahjishi... တခြားသူနဲ့ စိတ်မချလို့..အိမ်က ahjishi နဲ့ပဲလွှတ်တာပါတဲ့...ပြောရှာပါတယ်...အဲ့တုန်းကတော့...အပိုတွေ လို့ မကောင်းတွေးမိခဲ့သေး....ashii!!! ကြာလိုက်တာ နားကားကြီး ထွက်မလာနိုင်သေးဘူးလား မသိ.... တွေးနေတုန်းရှိသေး...ကြွလာပါပြီ...အသက်ရှည်ဦးမယ်...Baek ကိုတွေ့တော့ သူ Baek ဆီအပြေးလေး....
^Baek စောရောက်နေတာပဲ...မျက်လုံးတွေမို့နေတယ်...ငိုထားတာလား??^
ထွက်လေ...ဒီပါးစပ်ကြီးက စကားတွေဘာကိစ္စ တစ်လုံးမှ မထွက်တာလဲ!!
^ah~~~miyan ကိုယ်မှားသွားတယ် သွားတော့မယ်နော် Baek လဲသွားလိုက်တော့..^
မှားတယ်??ဘာမှားတာလဲ?? ဒုက္ခပါပဲ... Chan Yeol နင့်ကိုယ်နင် ယုံကြည်ချက်ထားဖို့လိုနေပြီ!!အမ်....သေပြီ Byun Baek Hyun သူ့ကားထွက်သွားပြီလားမသိဘူး...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Baek Hyun ခြေကုန်သုတ်ပြေးနေသည်..တော်ကြာနေ Chan Yeol ကားထွက်သွားမှ ဟုတ်ပေ့ဖြစ်နေမည်....
^ဟောဟဲ ဟောဟဲ^
Chan Yeol သူဘေးရောက်လာသော Baek ကြောင့် ကြောင်သွားသည်...
^Baek ဘာဖြစ်လို့လဲ ahjishi မရောက်သေးဘူးလား??^
^ဟမ်....?? မဟုတ်ပါဘူး^
^အာ့ဆို???^
Baek Hyun စဉ်းစားနေသည်... *ဘယ်လိုပြောရင်ကောင်းပါ့??*
^ဟို...ဟိုဟာ...နင့်ကားနဲ့ပြန်မလို့....ဖယ် ဖယ်^
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Baek's POV
အမယ်လေး လူလည်း ပြောချင်ရာတွေပြောလိုက်တာ....ရှက်ရမ်းရမ်း ပြီး ကားပေါ်သာတက်ခဲ့လိုက်တယ် ပြီးရော -.-
ခဏနေတော့ သူတက်လာပြီ ကားပေါ်ပြောပါတယ်....အူကြောင်ကြောင် နဲ့ဘာတွေကြည့်နေမှန်းမသိဘူး.... Baek လဲ ဘာလဲ ဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြလိုက်တော့...ခေါင်းကို အဆက်မပြတ် ရမ်းကာ ရှေ့ပြန်လှည့်သွားတယ်...ခိခိ အူကြောင်ကြားလေး....
အိမ်ရောက်တော့ ahjishi က Baek ကိုပြုံးပြီးကြည့်နေတယ်... ဘာတွေပေါက်နေလဲတော့ မသိပါဘူး.... Baek လည်း ရှေ့ကနေ ဦးအောင် တက်လိုက်တယ် တော်ကြာနေ မေးခွန်းပေါင်း သောင်းခြောက်ထောင် လာမေးနေမှ ပါးစပ်က မဟုတ်တာတွေထွက်ကုန်ဦးမယ်
ရေချိုးပြီးတော့ fic ဖတ်နေတာ ပျင်းတာနဲ့ ahjishi နဲ့ရေလောင်းရင်း...စကားပြောမယ်ဆိုပြီ...အောက်ဆင်း လာခဲ့တယ်....ဘာရယ်မဟုတ် သူ TV ကြည့် နေမလားဆိုပြီး ဧည့်ခန်း ကိုတောင်ချောင်းကြည့်လိုက်သေးတယ်...ဟင်....မရှိဘူးတော့....ကိုယ်တော်က ဘယ်ကမ္ဘာပျောက်နေတာလဲမသိဘူး....
ခြံထဲရောက်တော့ ahjishi က Baek အနားလာပြီး
^Baekလေး ဘာဖြစ်လာတာလဲ???ထူးထူးဆန်းဆန်း တွေလုပ်နေပါလား??^
^Ah~~ ahjishi ကလည်း ဘာမှမဖြစ်ပါဘူး^
ဒီ ahjishi ကတော့ တကယ်ပါပဲ ဘာတွေလာမေးမေလဲမသိဘူး.....
^Aigoo ဒီကလေးမ လာလိမ်နေပြန်ပြီ မသိရင်ခက်မယ်^
^Ahjishi!!! သိလည်းပြီးတာပဲ^
^ဖွင့်ပြောပြီးပြီလား??^
ဘာလားးးး အစမရှိအဆုံးမရှိ
^ရှင်...ဟို...ဟင့်အင်း^
^Wae??^
^ရှက်လို့ ဟီးးး^
ငါတော့လူပေါင်းမှားပြီ
^ဟိုလေ ahjishi သမီး သူ့ကိုပြောတဲ့စကားတွေကလွန်သွားလားဟင်??^
^အမယ်လေး မေးမှမေးရက်ပါ့ အစ်ကိုလေး မပြောနဲ့ ahjishi တောင် ကြားရတာ နေရခက်တယ်^
^ဟုတ်လား ဟီးဟီး အာ့ဆိုဘာဆက်လုပ်ရပါ့ သမီးလေ သူ့ကိုတကယ်ချစ်တာ ahjishi ရဲ့ သူစိတ်ကုန်သွားပြီလားမသိဘူး^
over ဖြစ်သွားပြီလားမသိဘူး xD
^စိတ်မပူပါနဲ့  အစ်ကိုလေး က ဘယ်တော့မှ Baek ကို စိတ်မကုန်ဘူး^
^ဘယ်ပြောလို့ရမလဲ?? ဟူး........သွားပြီ ahjishi annyeong အခု Baek ပြောတာတွေသူ့ကို ပြန်မပြောနဲ့နော်^
^ခဏလေး သမီးဖွင့်မပြောဘဲ သမီး အချစ်တွေကို သူမြင်လာအောင် ဘယ်လိုလုပ်ရမလဲ သိလား??^
^ရှင်???^
^ဒီအတိုင်းသာလုပ် !#@%~$£€×©#$!®^
TBC➡➡➡➡➡➡➡➡
A/Nအောက်ပိုင်းကြီးက တစ်မျိုးဖြစ်သွားတယ် ညတင်ပေးမယ်လို့ ကတိပေးထားတော့ အမြန် type လိုက်တာ ဘာတွေမှန်းမသိတော့ဘူး.....မနေ့ညက တင်လိုက်တာ publish လုပ်လို့မရလို့ပါ မနေ့က တင်ပါသေးတယ် နောက်ကျသွားရင် တောင်းပန်ပါတယ်
Thanks for reading
*90°bow*