Part (1)

4.8K 363 13
                                    

// Unicode //

" ရှင့်သားကို ရှင်မထိန်းတော့ဘူးလား? "

ရှောင်းမားမားက သက်ပြင်းချလျက်ပြောသည်..။ ရှောင်းပါးပါးက သတင်းစာဖတ်နေရာမှ နှာခေါင်းရှုံ့လိုက်ပြီး..

" မင်းတောင် မထိန်းနိုင်တာ ငါက ဘယ်လိုလုပ်ပြီးများ ထိန်းနိုင်မှာလဲ? "

" ဟင်းးး"

ရှောင်းမားရဲ့ သက်ပြင်းချသံက ကျယ်ကျယ်လောင်လောင်ဖြစ်ကာ အပေါ်ထပ်က Breakfast စားရန် ဆင်းလာသော သားသမီးသုံးယောက်ကို ကြည့်လိုက်တယ်..။ သမီးနှစ်ယောက်မှာ ထူးခြားသော ရုပ်သွင်ရှိပြီး ဝံပုလွေ မျိုးနွယ်ဝင် အိုမီဂါအလှလေး နှစ်ယောက်ဖြစ်သည်..။ သားအငယ်ဆုံးလေးမှာ ဖခင်လို အင်အားကြီးသော အယ်ဖာ ဖြစ်သော်ငြား အစ်မ အလှလေးတွေနဲ့ပေါင်းကာ..

" ဟီးး ကျယ်ကျဲကလည်း အဲ့ အယ်ဖာ က ကျန့်ကျန့်အပိုင်နော် အစ်မတွေနဲ့ လင်လုဖက် မဖြစ်ချင်ဘူး "

"အင်းပါ ကျဲလည်း သူ့ရဲ့သစ်စိမ်းနံ့Phermone နဲ့ အပ်စပ်မှုမရှိဘူး သိတဲ့အတိုင်း ကျဲနဲ့ သဟဇာတ ဖြစ်မယ့်သူကိုပဲ လက်ထပ်မှာ "

" ကျဲ ရဲ့ အယ်ဖာကိုတော့ တိတိ မကြိုက်ဘူးမလား? "

အငယ်နှစ်ယောက်ကြားထဲကို အကြီးဆုံးမက ထိုသို့ စကားဝင်ထောက်တော့ ရှောင်းကျန့်မှာ ဟင့်ခနဲနှာမှုတ်ရင်း..

" ဟင့် မကြိုက်ပါဘူး ကျဲ ရဲ့လူကြီးက နွားသိုးကြီး ကျနေတာပဲ လူကိုတွေ့ရင် အမြဲတမ်း အငယ်လေး အသေးလေးဆိုပြီး ကမူးကရူး နဲ့.."

"ခစ်..ခစ်..ဟုတ်လား?"

" ဟုတ်တယ်ဆို "

အမှန်က ဟိုက ယောက်ဖဆိုပြီး ရှောင်းကျန့် ကို အတင်းဝင်လုံးတာ..။ ဒီက အယ်ဖာကြီးကတော့ သူ့အတွေးနဲ့သူ မှောင်ကာ မဲနေတုန်း..။

" ကဲ..စကားများမနေနဲ့ မနက်စာလာစားး "

ရှောင်းကျန့်က အငယ်ဆုံးသားပီပီ အိမ်ရဲ့ဆည်းလည်းလေး ဖြစ်သည်..။ ခုလည်း မိခင်ရင်ခွင်ထဲ တိုးဝင်လိုက်ပြီး..

" မာမီ ကျန့်ကျန့်ကို အိမ်ထောင်ချပေးဖို့ အစီအစဥ် မရှိဘူးလားဟင်! "

အို မီ ဂါ အ လှ လေး...[[ Completed ]]✔Where stories live. Discover now