၆ နှစ်ခန့်ကြာသော်
_________________" စီးရီးယက် နဲ့ လူးကပ်စ် ဘယ်ရောက်နေလဲ? "
ကုတင်အောက်မှာ ပုန်းနေတဲ့ ၅ နှစ်အရွယ် ကလေး နှစ်ယောက်မှာ သွက်လက် ချက်ချာစွာနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဟီးးခနဲရယ်သည်..။ ကုတင်အောက်ကနေ ကြည့်လျှင် တစ်ဝတ်တစ်ပြတ် မြင်နေရသော ခြေသလုံး ဖွေးဖွေးလေးနှင့် မွေးပွဖိနပ်တို့နှင့် ထုပ်ပိုးထားသော ခြေဖနှောင့် ရဲရဲများရဲ့ ဦးတည်ရာတွေကို လိုက်ကြည့်ရင်း သူတို့မျက်နှာက ဖရိုဖရဲ ဖြစ်လာတယ်..။
ရေချိုးခန်း ၊ ဗီဒို ၊ ထပ်ခိုးတွေအထိ အဲ့ခြေထောက် သေးသေးလေးတွေနဲ့ လျှောက်သွားနေတာ ကုတင်အောက်ကိုတော့ ငုံ့မကြည့်ဘူး..။
" စီးရီးယက်..လူးကပ် ပုန်းမနေနဲ့တော့ ထွက်မလာရင် Puppy စိတ်ဆိုးမှာနော် "
ရိပေါ်က ေရချိုးခန်း တံခါးကို ဆောင့်ပိတ်ရင်း ကြိမ်းဝါးလိုက်ခါမှ ကုတင်အောက်က ထွက်လာတဲ့ ဒင်းတို့တွေ..။ ဒါတောင် ပွစိပွစိနဲ့ စကားနာထိုးနေတုန်း..
"Puppy..က ကုတင်အောက်ကိုမှ ငုံ့မကြည့်ပဲ ဟွန့် "
"အင်းလေ လူးကပ်ရာ ေပျာ်ဖို့လည်း မကောင်းဘူး ဒယ်ဒီဆို ငါတို့ ဘယ်မှာပုန်းပုန်း ရှာနိုင်တယ် "
" အဲ့တော့ ငါက ဒီမိုးပျံပူဖောင်းကြီးပိုက်ပြီး ကုန်းလိုက် ကွလိုက်နဲ့ ဒင်းတို့ကို လိုက်ရှာရမယ်ပေါ့ "
ထိုအခါ နှစ်ယောက်သား ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စီးရီးယက်က ရိပေါ့်ဗိုက်ကို ဖွဖွလေးပွတ်ရင်း မျက်နှာချိုသွေးတယ်..။
"အဲ..ဟုတ်သားပဲ Puppy က ဗိုက်ကြီးနဲ့ဆိုတာ မေ့သွားတယ် "
" ဟမ့်..မေ့တယ်ပဲရှိရသေး တစ်ခန်းလုံးလည်း ရှုပ်ပွနေတာပဲ ငါက ဗိုက်ကြီးတကားကားနဲ့ ရှင်းရအုံးမှာပေါ့ အင်းလေ မွေးထားတော့လည်း ဘယ်တတ်နိုင်မလဲ? "
ပွစာရွစာ တတ်နေသော အခန်းကိုကြည့်ပြီး ရိပေါ်က စိတ်ညစ်နေပုံနှင့် မာန်မဲတယ်..။ စီးရီးယက်မှာ ကြမ်းပြင်ပေါ်က အမှိုက်တွေ လိုက်ကောက်ပြီး လူးကပ် အား မျက်စပစ်ပြတယ်..။ Puppy အဆိုးလေးကို မင်းပဲ ချော့လိုက်ဆိုသည့် သဘော..။ လူးကပ်ကလည်း အထာနပ်သည်..။