Chanyeolတစ်ယောက်ကားပေါ်ရောက်တော့အရိုက်ခံလိုက်ရသောသူ့ပါးတစ်ဖက်ကိုကိုင်ကာ
Chanyeol pov :ဘာမှတ်ထား ဟုတ်လား။မှတ်ထားမှာပါ။ငါ့အရှက်ကိုကွဲအောင်လုပ်တဲ့ဒီနေ့ကိုတသက်လုံးမှတ်ထားမှာ။မင်းသာပြန်ပြီးအရှက်မကွဲအောင်နေလိုက်။Chanyeol : တောက် မင်းငါနဲ့ပြန်ဆုံတဲ့နေ့က မင်းဒီနေ့အတွက်နောင်တရမယ့်နေ့ပဲ။ ( with devil smile)
_________________________________Girl pov : ငါလွန်များလွန်သွားပြီလားမသိဘူး။လက်တောင်နည်းနည်းနာသွားတယ်။ဘာပဲဖြစ်ဖြစ်ငါ့လက်ကိုလာကိုင်တဲ့အတွက်လျော်ကြေးပဲ။DoSooကိုလာထိလို့ကတော့မီးပွင့်သွားမယ်။
Soo : ဟိုတစ်ယောက်ကလည်းအခုထိကိုမလာသေးဘူး။လာမှမိ soo အကြောင်းကောင်းကောင်းသိမယ်။
Soo's fri pov :အယ် ဟိုမှာ soo လားမသိဘူး။အရပ်တောင်နည်းနည်းရှည်လာသလိုပဲ ခ်ခ်။
Soo's fri : Hey , hey soo . SOOOO!
Soo အသံကြားရာလှည့်ကြည့်လိုက်တော့
Soo : Hey , I'm here fri.
Soo's fri လည်းsoo ကိုပြေးဖက်ပြီး
Soo's fri : နင် နင် soo မှsoo အစစ်ပါနော်။ငါနင့်ကိုလွမ်းနေတာ။နင်ကတော့ Parisမှာပျော်နေတယ်ပေါ့ ကောင်မစုတ်လေးငါဘယ်လောက်သတိရနေတယ်ဆိုတာနင်သိရဲ့လား (ငိုလျက်နှင့်)
Soo : ငါလည်းနင့်ကိုသတိရပါတယ်ဟာ။မငိုနဲ့လေ နင်ကလည်း ငါပြန်ရောက်ရောက်ချင်း ဝမ်းနည်းအောင်မလုပ်ပါနဲ့ဟာ။မငိုနဲ့တော့နော်။
Soo's fri : အေးပါ။မငိုတော့ပါဘူး။လာသွားကြစို့။ငါ့ကားယူလာတယ်။
Soo : အေး သွားမယ်လေ။
လေဆိပ်အပြင်ရောက်တော့
Soo's fri : တက် soo ဒါငါ့ကားပဲ။
Soo : woww ကားကအလန်းစားပဲ။
Soo's fri : ကားပဲလန်းတာလား။ကားပိုင်ရှင်ကောမလန်းဘူးလား။
Soo : ကားနဲ့ကားပိုင်ရှင်က တခြားဆီပဲ။
Soo's fri : Borrrrr ! နင်နော်။ပြောတော့ဘူး။ကားပေါ်သာမြန်မြန်တက်တော့။