Happy 9th Anniversary✨❣
အတိတ်က တစ်ချိန်မှာ အမှတ်တမဲ့ သိခဲ့ရပေမယ့်
အနာဂတ်အထိ အမှတ်တရအနေနဲ့ ခေါ်ဆောင်သွားချင်တဲ့ အမျိုးသားလေးအပေါ် မေတ္တာတရားတွေ ပုံအပ်လို့ ကျရှူံးခဲ့တာ ၉နှစ်တောင် ရှိခဲဲ့ပြီပဲ။💖တဖတ်သတ်ဆိုတဲ့ စကားလုံးကို
ရင်းနှီးချိန်ကစလို့ အကို့ ကိုသိကျွမ်းခဲ့တယ်👀
ချစ်ခင်နှစ်သက်ရခြင်း သဘောတရားကို
ရှာဖွေတွေ့ရှိချိန်မှာတော့ အကိုကနှလုံးသားထဲ
နေရာယူနှင့်နေပြီးသားပါတဲ့။💘တစ်နေ့ဆုံဖြစ်ရင်ဆိုတဲ့ အတွေးလေးရှိတယ်။
အများကြီး မမှန်းထားဘူးရယ်
တွေ့ဖြစ်တဲ့အခါ "ငယ်"လို့ခေါ်ခိုင်းမယ်။💓
အကို့အတွက်သီးသန့် ရေးထားတဲ့စာလေးတွေ
ဖတ်ပြမယ်။💌
လမ်းယှဉ်လျှောက်ရင်း ဘယ်လောက်ချစ်ရကြောင်း ပြောပြမယ်။🚶♀️
ကောင်းကင်ကြီးကိုငေးရင်း ကြယ်တွေအကြောင်း
ဆွေးနွေးမယ်။🌌စိတ်ကူးထဲက အိပ်မက်လေးတွေပါပဲ။
မဖြစ်နိုင်မှန်းသိလည်း မက်ခဲ့မိတယ်
ချစ်ခွင့်မရှိလည်း ချစ်ခဲ့မိတယ်
"အကို"ဆိုတဲ့ နှလုံးအိမ်လေးလည်း
ညီမရင်ထဲ အမြဲရှိပါသတဲ့။💝8.1.2014➡8.1.2023