(14)

1.2K 88 1
                                    


♡♡♡

" မမ​လေး ပန်းစရာ ​။
   ရွှေမင်း​တောင်​ပေါ်ရိုးက
   ပန်းချိုးခဲ့ပါ ။
   အပွင့်ငယ်ဝါ ။
   အညှာမှာ​ရွှေ​တွေလူးလို့ ။
   ပန်ဝံပါဘူး ။   "

က​လေးငယ်များ၏ သံပြိုင်ရွတ်ဆိုမှုပြီးသည့်အခါ စာအုပ်ကိုလက်မှကိုင်၍ လွင်က စတင်ရှင်းပြ​လေသည်။

" ကဗျာ အမျိုးအစားက ​လေးဆစ်သဖြန်း လို့ ​ခေါ်တယ် ​ယောင်္ကျာက မိန်းမ​လေးအတွက် ဘယ်လိုပန်းကိုခူးခဲ့ပါတယ်ဆိုပြီ ဖွဲ့ဆပ်ထားတဲ့ကဗျာဖြစ်တယ်  ဒါ​ပေမယ့် ပန်းကလှလွန်းပြီ ​ရွှေဝါ​​ရောင်​တောက်​နေလို့ မိန်းမ​လေးဟာ ထိုပန်းကိုမဝံပါဘူးဆိုပြီ ငြင်းဆို​နေပုံကို ပုံနဲ့တကွ​ဖော်ပြထားတယ် "

တကယ်​တော့ လွင်စာမသင်တက်ပါ။သို့​သော် သူ့အတက်နိုင်ဆုံးက​လေး​​တွေနားလည်​အောင် ရှင်းပြပေး၏။

" ​လေ့ကျင့်ခဏ်း ​တွေ​ပေးထားတယ် နံပါတ် ၁​မေးခွန်းကိုရွက်ပြပါအုန်း "

" မည်သို့​သောပန်းကို ဆက်​နေသနည်း "

" မည်သို့​သောပန်းကိုဆက်​နေတာလဲ စာထဲကိုပြန်ကြည့်  အပွင့်ငယ်ဝါ အညှာမှာ​​ရွှေလူး လို့ ဆိုတာပါတယ်​တွေ့လား အဲ့တာကအ​ဖြေ အပွင့်အဝါ​ရောင်ကိုမှ ​ရွှေ​ရောင်​တောက်​နေတဲ့ပန်းကို ဆက်​နေတယ် ​နောက်တစ်ခုဖတ်ပြပါအုန်း "

" ​ယောင်္ကျာကမည်သို့စိတ်ထားဖြင့်ပန်းဆက်သည်ထင်သနည်း "

" ​ဒီအ​ဖြေကိုမ​ပြောခင် ဆရာမတစ်ခု​ပြောပြမယ်​ ကိုယ့်ကိုယ်​သ​ဘောကျ ​နေတဲ့​ကောင်​လေး​တွေက နူးညံ့ခြင်း ချစ်ခြင်း ဂရုဏသက်ခြင်းဆိုတဲ့ စကား​တွေရဲ့ ကိုယ်စားပြု ပန်းပွင့်​လေး​တွေ​ပေးကြတယ် ဥပမာ နှင်းဆီအနီဟာ ​ယောင်္ကျာနဲ့ မိန်းမချစ်ခြင်းကို ကိုယ်စားပြုတယ် ဒါ​ကြောင့် ကိုယ်ချစ်ရတဲ့သူကို နှင်းဆီနီ​ပေးကြတယ် ​နောက်တစ်ခု နှင်းဆီအဝါဆိုရင် သူငယ်ချင်း​တွေကြား ခင်တွယ်မှုနဲ့ ရင်းနှီမှုကို ကိုယ်စားပြုတယ် အဲ့လိုမျိုး​ပေါ့ ဒါ​ပေမယ့် ဒီစာထဲမှာ အဝါ​ရောင်ပန်းဆိုပင့်မယ့် ပန်းချင်မတူတဲ့အတွက်အဓိပါယ်လည်းမတူညီဘူး  သားတို့​ရော ဘယ်လိုစိတ်ထားနဲ့ ​ယောင်္ကျာက မိန်းမ​လေးကို ပန်း​ပေးတယ်ထင်လဲ "

~​ကြွေပန်းကိုသာ​ကောက်ပါ...မောင် ~(bl)(complete)Where stories live. Discover now