*STORY BOOK*
Ep -9
"အူဝဲ အုဝဲ ဝါးးးးးးးး" တိတ်ဆိတ်ငြိမ်သက်လှတဲ့ တောအုပ်လေး ထဲမှာ ကလေးလေး တယောက်ရဲ့ ငိုသံတွေ လွှမ်းခြုံနေတယ် ...နှင်းတွေ ကျနေတဲ့ ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ အနှီးထုတ်လေးနဲ့ ကလေးလေး တယောက် သစ်ပင်ခြေရင်းမှာ အကူအညီမဲ့ အော်ဟစ်ငိုယိုနေတယ် .လူသူ ကင်းမဲ့တဲ့ ဒီတောထဲမှာ ဘယ်သူကများ ရက်စက်စွာ လာပစ်သွားခဲ့လဲ မသိပေ ...
ဝတ်ရုံအနက်နဲ့ မိန်းမကြီးတယောက် တောထဲတွင် ဆေးမြစ်များ လိုက်လံရှာဖွေနေသည် .မျက်နှာကို အုပ်ထားသောကြောင့် ဘယ်သူမှန်း မမြင်ရ ..
" အုဝဲ ..ဝါးးးးးးးး အုဝါးးး " အသံကြားရာ ရှာကြည့်လိုက်တော့ နှင်းတွေ ဖုံးလွှမ်းနေတဲ့ အနှီးနဲ့ ထုတ်ထားသော မွေးကင်းစ ကလေး ငယ် .သူ ကလေးလေးကို ချီလိုက်တော့ .ရုတ်တရက် အငိုတိတ်သွားသည် .ကလေးလေး က သူ့မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည် .သူ့ရဲ့ အပြုံးက ဖြူစင်ပီး ချစ်ဖို့ကောင်းလွန်းလို့ သူပါ ပြုံးလိုက်မိသည် .
After 10 Year later ,
" သွားးး ထွက်သွားးး .စုန်းမသမီး ထွက်သွားစမ်း "
"ဟုတ်တယ် နင်က စုန်းမသမီး ငါတို့နဲ့ လာမကစားနဲ့ ထွက်သွားစမ်း " ကလေးများ အော်ဟစ်ကာ ကောင်မလေး တယောက်အားးး ခဲလုံးများနဲ့ ပစ်ပေါက်နေတယ် .ကလေးများရဲ့ အလယ်မှာတော့ ငိုနေတဲ့ ကောင်မလေးတယောက် .
" သမီး ဘာလို့ငိုလာတာလဲ ? "
"ရွာထဲက သမီးကို စုန်းမရဲ့ သမီးတဲ့ .သူတို့နဲ့ လာမကစားနဲ့တဲ့ " သူ့အမေရင်ခွင်ထဲ မှာ ငိုနေတော့သည် .သူ့အမေ ဆိုသောသူကတော့ ရင်ခွင်ထဲက ကောင်မလေးကို ချော့နေတော့သည်
" မေမေက သူတို့ပြောသလို စုန်းမလားဟင် ? "
"အော် သမီးရယ် စုန်းမဆိုတိုင်း မကောင်းတာ မဟုတ်ပါဘူး "
သူ့အမေကို နားမလည်သော အကြည့်နဲ့ ကြည်နေတယ် .
" နောက်ကျရင် သမီးလေး ဒါတွေ နားလည်လာမှာပါ "
နောက် သုံးလေးရက်လောက်ကြာတော့ ကောင်မလေး ကို ခဲနဲ့ ပစ်ကြသော် ကလေး သုံးယောက် အပြင်းဖျားကာ သေ သွားကြတယ် .