One Shot

3.1K 278 66
                                    

လူတစ်ယောက်နဲ့ အနှစ်၂၀ကျော်အောင် အတူတူရှိနေဖို့ဆိုတာ သိပ်ကို ကြာလွန်းတဲ့အချိန်ပဲ....။

အနှစ်၂၀မပြောနဲ့။ ရက်၂၀ဆိုရင်ကို ဂျယ်ယွန်းအတွက် အတော်ငြီးငွေ့စရာကောင်းနေပြီ။

သူကဒီလိုလူမျိုးပါ။
သီချင်းတစ်ပုဒ်ကြိုက်ပြီဆို ဒါကိုပဲတစ်နေ့လုံး တစ်ပတ်လုံး တစ်လလုံး repeatလုပ်ပြီး နားထောင်လို့ဝတဲ့အခါ အဲသီချင်းကို ဘယ်တော့မှ ထပ်နားမထောင်တော့တဲ့သူ။

ဆိုင်တစ်ဆိုင်က အစားအသောက်တစ်ခုကို အရသာတွေ့ပြီဆို အဲဒီဆိုင်ကို တစ်နေ့တစ်ခေါက်ရောက်အောင်သွားပြီး စားလိုက်ရမှ။ ရိုးအီသွားပြီဆိုရင်တော့ အဲဆိုင်ရှေ့ကနေ ဖြတ်လျှောက်ချင်စိတ်မရှိတော့တဲ့သူ။

ထပ်ပြောရမယ်ဆို... အဝတ်အစား..။
အသစ်ဝယ်ပြီး ၂လလောက်ဝတ်ပြီးတာနဲ့ မိဘမဲ့ဂေဟာသွားလှူပစ်လိုက်တာမျိုး။

နောက်ထပ်...
လူတွေ...။
သူသဘောကျတဲ့အခါ အသည်းအသန် မရရင်သေတော့လိုလိုက်ခဲ့ပြီး... ရလဲရရော နှစ်ပတ်အတွင်း စိတ်ဝင်စားမှုတွေ ကုန်ခမ်းသွားပြီဆိုတဲ့လူမျိုးပါ။

ဒီလိုလူမျိုးအတွက် တစ်စုံတစ်ယောက်နဲ့အတူ အနှစ်၂၀ကျော်ရှိနေဖို့ဆိုတာ သိပ်ကိုကြာလွန်းတဲ့အချိန်ပဲ။

ဒါပေမယ့်... ဂျယ်ယွန်းက ဆောင်းဟွန်းနဲ့အတူ အနှစ်၂၀ကျော်အောင် အတူရှိခဲ့တယ်။

သူ့ဘဝရဲ့ အချိုးအကွေ့တွေတိုင်း၊
အနိမ့်အမြင့်အတက်အကျတွေတိုင်း၊

ကျောင်းသားဘဝ စာအတူလုပ်တဲ့အချိန်တွေ၊
စာမေးပွဲအောင်စာရင်းစောင့်ပြီး အောင်ပွဲခံခဲ့တဲ့အချိန်တွေ..၊

အလုပ်ခွင်ရောက်တော့ အလုပ်အကြောင်းဆွေးနွေးတာ၊ အရေးကြီးတဲ့ကိစ္စတွေတိုင်ပင်တာ၊

သူ မိန်းကလေးတစ်ယောက်ကိုလိုက်တာကအစ၊ လမ်းခွဲတဲ့အခါ အရက်ဆိုင်သွားတာအဆုံး..

ဆောင်းဟွန်းက သူ့အနား အမြဲလိုရှိနေပေးခဲ့ပါတယ်။

❄️

"အေးနေပြီလား"

Companyအောက်ထပ်မှာ ရပ်စောင့်နေတဲ့ဆောင်းဟွန်းဆီအပြေးသွားရင်း ဒီမေးခွန်းကို မေးလိုက်မိတယ်။ ပုံမှန်ဆို ရုံးဆင်းချိန်က ညနေ၆နာရီဆိုပေမယ့် ဒီနေ့Christmasနေ့မို့ဆိုပြီး dinner partyကျင်းပနေတာနဲ့ departmentရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျယ်ယွန်းက ဘယ်လိုမှလစ်ထွက်မရ။ ဆောင်းဟွန်းကို ညဘက်၈ခွဲလောက်ပြီးမယ်ပြောခဲ့ပေမယ့် တကယ်တမ်း သူအပြင်ထွက်လာနိုင်တဲ့အချိန်မှာ ၉နာရီခွဲနေပြီ။ တစ်နာရီနီးပါး ဆောင်းဟွန်းက နှင်းတွေဖွေးဖွေးလှုပ်ကျနေတဲ့နေရာမှာ ရပ်စောင့်နေခဲ့ရတာပဲ။

You, Me and the spaces between us [PSH x SJY]Where stories live. Discover now