မြတ်နိုးရပါသော

6 1 0
                                    

"ချာတိတ် ကိုယ်မင်းကိုမချစ်ဘူး"

ဟန်သာအငြင်းစကားဆိုလိုက်သော်လည်းမထူး နေ့တိုင်း
ဟန်သာ့ဆိုင်ကိုသာလာစမြဲပင်။ ထိုကောင်လေးရဲ့နာမည်က ရွက်ရင့်ခတ္တာတဲ့။ ဟန်သာ cafe ဆိုင်ဖွင့်ပြီး ၁လကစပြီး ထိုကောင်လေးဟန်သာဆိုင်ကိုနေ့တိုင်းကိုလာနေတော့သည်။ဟန်သာကိုတွေ့တိုင်းလဲ "အကို့ကိုချစ်တယ်ကျွန်တော်နဲ့တွဲပါနော်"ကိုအမြဲပြောသည်။ဟန်သာလဲငြင်းရပေါင်းမနည်းပင်။

"အကို အချိန်ယူလို့ရပါသေးတယ်... ဒါပေမဲ့
အရမ်းတော့မယူပါနဲ့နော်..."

ဟန်သာ ထိုကောင်လေးကိုဘာမှမပြောတော့ပဲကိုယ်လုပ်စရာရှိတာသာလုပ်နေတော့သည်။ ထိုကောင်လေးရှိသည်ကလဲတစ်မျိုးကောင်းသည် ဟန်သာ့အလုပ်တွေကိုဝိုင်းကူလုပ်ပေးလို့ရတာပေါ့မဟုတ်လား။ အဟွတ်...အဟွတ်

ဟန်သာ ကော်ဖီဖျော်နေရင် ချောင်းကထဆိုးလာတာကြောင့် ဘေးနားမှာရှိတဲ့ တစ်ရူးနဲ့ပါးစပ်ကိုအုပ်၍ဆိုးနေသည်။

"အကို အဆင်ပြေရဲ့လား..."

"အကို နေမကောင်းဘူးလား"

စကားလည်းဆုံး ဟန်သာ့နှဖူးပြင်ကိုလာထိတဲ့ကောင်လေးရဲ့ လက်ကခပ်နွေးနွေးကြောင့်ဟံသာ မျက်မှောင်ကျုံ့လိုက်မိသည်။နှဖူးပေါ်က ထိုကောင်လေးရဲ့လက်ကိုဖယ်ပြီး သူ့လက်ဖြင့်
ထိုကောင်လေးရဲ့နှဖူးကိုစမ်းလိုက်သည်။အပူချိန်ရှိတာကြောင့်ဟန်သာ့ မျက်မှောင်ပို၍ကျုံ့လာသည်။

"ခုဖျားနေတာ ကိုယ်မဟုတ်ဘူးထင်တယ် ရွက်ရင့်"
ဟန်သာ လက်ထဲက တစ်ရူးစ ကိုလွှင့်ပစ်လိုက်ပြီး

" ပြန်တော့ရွက်ရင့် ကျန်တာအကိုဆက်လုပ်လိုက်မယ်"

ဆောင်းဝင်နေပြီဖြစ်တာကြောင့် ညနေစောင်းတာနှင့်လေအေးများကတိုက်ခိုက်လို့လာသည်။ထို့ကြောင့်ထိုကောင်လေးအဖျားမကြီးစေရန် စောစောပြန်ခိုင်းရခြင်းဖြစ်သည်။

"အကို ကျွန်တော်..."

"မဆိုးနဲ့ရွက်ရင့်"

ရွက်ရင့်မပြန်ခင်သူ့ပါးပြင်ကိုနမ်းသွားသေးသည်။ထိုကောင်လေးကသိပ်ကိုအတင့်ရဲ့လွန်းလှတယ်။ဒါပေမဲ့သူကအဲ့လိုအကျင့်ကိုပဲ...။

မြတ်နိုးရပါသောWhere stories live. Discover now