one short

3.7K 243 35
                                    

မလှမ်းမကမ်းကမြင်နေရတဲ့မောင့်ပုံရိပ်ကကျွန်မကိုခြောက်ခြားစေသည်။ကျွန်မသာလျှင်တွဲဖက်ဖူးသည့် မောင့်လက်မောင်းအား ထိုအမျိုးသမီးကနေရာယူထားသည်။
မောင့်နှုတ်ခမ်းအစွန်းကကွေးညွတ်လို့ပင်သိပ်ပျော်နေဟန်ရှိ၏။မောင်ဟာကျွန်မရှေ့ဒီလိုမပြုံးရယ်ဖူးတာကြာပြီ။ထို့အတူ ကျွန်မရှေ့လည်း ပုံမပျက်နေထိုင်ခဲ့သည်။

ကျွန်မပဲအမြင်မှားသလားဒါမှမဟုတ် သူမကမောင့်အသိများလား လို့တွေးမိသော်လည်း ကျွန်မမျက်လုံးများကသက်သေအဖြစ်အမှန်တရားဘက်လိုက်နေခဲ့သည်။

"မောင်ကသေချာပေါက် ကျွန်မကိုချစ်တယ်လို့ ပြောခဲ့တာ။"

တကိုယ်ထဲကြားရုံမျှသာရေရွတ်လိုက်ရင်း ကျွန်မရဲ့ကားကိုစက်နှိုးလိုက်သည်။‌မသေချာမရေရာသော အကြောင်းပြချက်နှင့်လူပုံအလယ်မှာ မောင့်အားအရှက်မခွဲချင်ပါ။ကျွန်မသေချာအောင်စုံစမ်းရအုံးမည်။

အိမ်အပြန်ရောက်ပြီးတစ်ခနအတွင်းမောင့်ထံမှ မက်ဆေ့တစ်စောင်ရသည်။
"မောင်အစည်းအဝေးရှိလို့ နောက်ကျမယ်အဲ့ဒါရုံးမှာပဲအိပ်လိုက်မယ်နော်အချစ်"

စာကြောင်းအားကျွန်မနှုတ်မှအသံထွက်၍ပင်ဖတ်လိုက်မိ၏။မောင့်အစည်းအဝေးကလက်ချိတ်ရင်း လုပ်ရတာမျိုးလားလို့မဆီမဆိုင်တွေးလိုက်သေးသည်။
နာရီလက်တံကိုလှမ်းကြည့်မိတော့ ရုံးဆင်းချိန်ရောက်နေပြီဖြစ်သည်။ကျွန်မချက်ခြင်း ကားသော့ကိုကောက်ကိုင်လိုက်သည်။

တွေဝေခြင်းမရှိပဲ မောင့်ထံသို့သွားရန်ပြင်လိုက်သည်။ ကျွန်မသာ အတည်ပြုလိုက်လျှင်အနည်းဆုံးတော့ မောင့်အပေါ်သံသယရှင်းသွားမယ်မဟုတ်လား။
ရန်ကုန်မြို့ရဲ့ကားလမ်းအချို့က ဒီအချိန်ဆိုစိတ်ညစ်ဖို့ကောင်းလွန်းနေသည်။
နာရီဝက်လောက် ကားတစ်သီတစ်တန်းကြီးကိုဖြတ်ကျော်ပြီးမှ မောင့်ရုံးရှေ့သို့ရောက်သည်။

သိပ်မကြီးသည့်အဆောက်အအုံက မောင်နှင့် အရေးပါသည့်ပါတနာများသာ စုရုံးသည့်နေရာဖြစ်သည်။ အပြင်မှကျွန်မအနည်းငယ်အကဲခတ်ပြီးသည့်နောက် မျက်ခုံးကိုကျုံ့လိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Sep 15, 2023 ⏰

Add this story to your Library to get notified about new parts!

"မောင်ပေးသည့်အလင်းရောင်"Where stories live. Discover now