1945 စက်တင်ဘာ2
ကမ္ဘာစစ်ကြီးပြီးပြီတဲ့ဟေ့ ကမ္ဘာစစ်ကြီးပြီးပြီတဲ့ဟေ့
အိမ်ထဲကိုအော်ပြီး၀င်လာတဲ့ကိုကို အပြင်ကိုကြည့်လိုက်တော့လည်း လူတိုင်းကကခုန်နေတယ် စစ်သားဦးလေးကြီးတွေကိုကိုကြီးတွေကလည်းကခုန်နေကြတယ် သူတို့ကိုကြည့်ပြီးထယ်ပါပျော်လာတယ်
ကိုကို ခုနကကိုကိုဘာတွေအော်နေတာလည်းဟင် လူတွေကရောဘာလို့ပျော်နေကြတာလဲ ဟိုမေမေပြောတော့စစ်သားတွေလာရင်ပုန်းရမှာဆို အခုဘာလို့မပုန်းကြတာလဲဟင်
ထယ်မေးလိုက်တော့ကိုကိုကထယ့်ကိုပွေ့ချီပြီးပြောတယ် "ထယ်ငယ် အခုလေ ကိုကိုတို့လေယာဉ်တွေလာရင်လည်းကြောက်စရာမလိုတော့ဘူး ဗုံးခိုကျင်းထဲလည်း၀င်စရာမလိုတော့ဘူး ထယ်ငယ်ထချင်တဲ့အချိန်မှထလို့ရပြီ ကြိုက်သလိုကစားလို့ရပြီ အင်း စာ စာကတော့သင်ပေးမယ့်သူရှိရင်တော့သင်ရမှာပေါ့ "ပြောရင်းကိုကိုကမျက်ရည်တွေကျလာတယ်
"မငိုပါနဲ့ကိုကို ကိုကိုငိုရင်ထယ်လည်းငိုချင်တယ်"
"အင်းပါ ကိုကိုမငိုဘူးနော်"
ကိုကို ထယ် ဂျီမင်ဆီသွားဆော့လို့ရပြီလားဟင် အင်း သွားဆော့လို့ရပြီ အကြာကြီးတော့မရဘူးနော် အရီးလေးတို့ခနနေပြန်လာတော့မှာ
ဟုတ်ကဲ့ကိုကို ထယ်ခနပဲကစားပြီးပြန်လာမယ်နော် ထယ်သွားပြီနော် တာတာ့ကိုကို
Lim ရေ Lim
အ့ ကလေးလေး ဘာဖြစ်သွားသေးလဲ အိမ်မှာLimရှိတယ်မလားဟင်ဟုတ် ထယ်ဘာမှမဖြစ်ပါဘူး ကိုကိုကအိမ်ထဲမှာပါ
Limလဲခေါ်သံကြားလို့အိမ်ထဲကပြေးထွက်လာလိုက်တယ် တွေ့လိုက်ရတာကအမောအပမ်းပြေးလာတဲ့Ri
Ri ဘာဖြစ်လာတာလဲ ..Lim သေချာနားထောင်နော် အရီးလေး အရီးလေးတို့ ကုန်လှောင်ရုံမှာဓားထိုးခံရလို့ဆုံးပြီ....
Limကြားလိုက်ရတာဘာလဲ မဖြစ်နိုင်တာအရီးလေးတို့ကဘာလို့ ထယ်ငယ့်ကို Limဘယ်လိုရှင်းပြရမှာလဲ သူများတွေပျော်ရွှင်နေတဲ့အချိန်ကြမှ ဘာလို့ကျွန်တော်တို့ဆီကိုမှကံဆိုးမှုလဲ ကိုကို ထယ်ငယ့်ကိုသနားလို့ဘယ်လိုလုပ်ရမလဲ ကိုကို့ထယ်ငယ်ရေ