Part_6💗

5.6K 398 66
                                    

Unicode

ဆောင်းသစ္စာ အိမ်ပြန်ရောက်တော့ ညနေ၆နာရီကျော်လေပြီ။အရင်ကဆို သူအိမ်ကို၅နာရီလောက်ဆိုရောက်နေတက်တာ။ဆောင်းသစ္စာ ချက်ချင်းဆိုသလို၊အိမ်ထဲဝင်ကာ၊ဟင်းချက်ဖို့မီးဖိုးချောင်ထဲ ကမူးရှူးထိုးဖြင့်သာဝင်လာခဲ့တော့သည်။

"ဦး!"
ဆောင်းသစ္စာ မီးဖိုချောင်ထဲမှာတွေ့လိုက်ရတဲ့လူကြောင့်၊အလန့်တကြားဖြစ်သွားရ၏။

"ပြန်လာပြီလား"
အဂ္ဂထိပ်တင်ထိုင်ခုံမှာထိုင်၍၊ဆေးလိပ်ဖွာနေရင်းမေးလာတော့။

"ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျသွားတာ၊ဦးဗိုက်ဆာနေပြီလား ကျွန်တော်အခုချက်ချင်း ဟင်းချက်လိုက််မယ်နော်"
ထိုစကားကြောင့် အဂ္ဂထိပ်တင် သူ့လက်ထဲကဆေးလိပ်ကို၊ပြာခွက်ထဲသို့ထိုး​ချေကာမီးသတ်လိုက်ရင်း။

"မချက်နဲ့ ငါမစားတော့ဘူး၊ပြီးတော့မင်းစားဖို့ထူးသာကိုငါအပြင်မှာသွားဝယ်ခိုင်းထားတယ်"
အဂ္ဂထိပ်တင်ရဲ့စကားကြောင့် ဆောင်းသစ္စာ ခေါင်းလေးကုတ်ကာပြုံးလိုက်၍။

"အော်...အဲ့တာကြောင့် ခြံထဲမှာဦးရဲ့ကားကို၊မတွေ့တာကိုး"

"ငါရေသွားချိုးတော့မယ်"
ခုံပေါ်ကထထွက်ဖို့ပြင်လိုက်တဲ့ အဂ္ဂထိပ်တင်ရဲ့လက်ကလေးကို၊ဆောင်းသစ္စာလှမ်းဆွဲလိုက်၍။

"ကျွန်တော့်အိမ်ပြန်နောက်ကျလို့၊စိတ်ဆိုးနေတာလား"
ဆောင်းသစ္စာရဲ့အမေးစကားကို၊အဂ္ဂထိပ်တင် ဘာတစ်ခွန်းမှပြန်မဖြေဘဲ၊ဆောင်းသစ္စာရဲ့လက်ကလေးကိုလွှတ်ချကာ၊အိမ်ပေါ်ထပ်သို့တက်သွားလေတော့၏။ဆောင်းသစ္စာလည်းခဏတာတွေဝေနေပြီးမှ၊အဂ္ဂထိပ်တင်နောက်သို့လိုက်သွားတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆောင်းသစ္စာ အခန်းထဲရောက်တော့၊အဂ္ဂထိပ်တင်ကရေချိုးခန်းထဲတောင်ရောက်နှင့်နေပြီ။ဆောင်းသစ္စာ ရေချိုးခန်းတံခါးကိုဖွင့်လိုက်ပေမယ့် အထဲကနေအဂ္ဂထိပ်တင် တံခါးကိုလောခ့်ချထား၏။ဆောင်းသစ္စာလည်းမထူးတော့သည့်အဆုံး ဗီဒိုအံဆွဲထဲကသော့အပိုယူကာ၊ရေချိုးခန်းတံခါးကိုဖွင့်လိုက်တော့သည်။

Always For You...💗(အမြဲတမ်းမင်းအတွက်...💗)[S-2]{Ongoing}Where stories live. Discover now