// မောင် // [ Unicode Ver]

659 56 2
                                    




// မောင် //






.








လန်ဝမ်ကျီးဆိုတာ ဒီGHအထက်တန်းမှာ ဆရာတစ်ဦးဖြစ်ပြီး မသိသူမရှိ၊သိပ်မျက်နှာပွင့်တဲ့ ဆရာတစ်ဦး...။

ရီးစားမထားဘဲ ရီးစားစာတွေက အလိုလိုသူ့အိတ်ထဲရောက်နေပြီးသား။

ဆရာများနားနေခန်းမှာ အမြဲ‌မုန့်တွေနဲ့ ပြည့်နက်နေသည်။

ဒါပေမဲ့ သူဘာကိုမှ မထိရဲသလို၊ဘယ်သူ့ကိုမှ ပြန်မကြိုက်ခဲ့ဘူး..

ဘာလိုလဲဆိုရင် သူ့ကို အချိန်တန်တာနဲ့ သိမ်းပိုက်မဲ့သူရှိနေလို့..

အိမ်‌ပြန်ခြေလှမ်းတွေက လေးလံနေမိတယ်။

မောင်.. သူ သိကြောက်ရတဲ့မောင်..

ဒီနေ့ မောင်ပြန်ရောက်မဲ့နေ့..။

မနေ့ညက သူ့ကို အသိပေးထားတာတောင် ကျောင်းလာရဲတဲ့ သူ့ကို မောင်တော့ အပြစ်ပေးတော့မည်။

လန်ကျန့်က တကယ်တော့ ဝေ့အိမ်တော်ရဲ့ မွေးစားသား။

တကယ်တော့ ဝေ့အိမ်ကို မရောက်ခင် လန်ကျန့်မှာ သာယာတဲ့မိသားစုဘဝလေးရှိခဲ့တယ်။

မောင်ကံဆိုး အမည်မဲ့ရလောက်တဲ့အထိ လန်ကျန့်ဟာ တကယ်တမ်း ကံကြမ္မာဆိုးနဲ့မွေးဖွားလာသည်ဟု ဘွားလေးတို့က မဲ့ရွဲ့စွာကဲ့ရဲ့ပြစ်တင်ကြသည်။

လန်ကျန့်မွေးကတည်းက မားက ဆုံးသွားတယ်။
စိုက်သမျှသီးနှံမဖြစ်ထွန်းဘဲ လုပ်ငန်းတိုင်းအရှုံးပေါ်သည်မို့ ပါးအတွက် အတော်လေးခက်ခဲစေခဲ့တယ်။

ကံဆိုးလွန်း‌ပေမဲ့ ပါးကတော့  လန်ကျန့်ကို အမေလိုတစ်မျိုး၊အဖေလိုတဖုံ အမျိုးမျိုးချစ်ပေးခဲ့တယ်။

ရွာမှာ အဆင်မပြေတော့ လန်ကျန့်တို့သားအဖနှစ်ယောက် မြို့ပေါ်တက်လာခဲ့တယ်။

ပါးက မားနဲ့မညားခင် အလုပ်,လုပ်ခဲ့တဲ့ အိမ်တော်လို့တော့ပြောဖူးသည်။

အဲ့အချိန်တုန်းက လန်ကျန့်အသက်  ၁၆နှစ်ဖြစ်ပြီး အထက်တန်းမအောင်သေးပေ။

ပါးအလုပ်,လုပ်တဲ့ အိမ်တော်မရောက်ခင် ပါးပြောတဲ့ ဘတ်စ်စတော့ဆိုတဲ့ နေရာလေးမှာ ခန‌နားနေတုန်း ညနေဘက်မို့ မီးအလင်းရောင်ကြောင့် ပတ်ဝန်းကျင်ကို မြင်နေရတယ်။

// မောင် // [ONE SHOT]Where stories live. Discover now