🤎

163 8 3
                                    

Unicode

"Hello! ကိုကို"

"အင်း"

ကိုကို့ရဲ့ထူးသံဟာ ကျွန်တော့ကိုမျက်ရေဝဲသွားစေမိတာအမှန်ပါ အရင်အချိန်ကလိုမဟုတ်တဲ့ကိုကို့ပုံစံဟာဝမ်းနည်းစရာ တစ်ခါလေတော့လည်းအရင်အချိန်တွေကိုလွမ်းမိပါရဲ့

"ကလေးငယ်"ဟုခေါ်တတ်သောကိုကိုဟာ........

ကျွန်တော့ကတက္ကသိုလ်ကျောင်းသားပထမနှစ်ပေါ့
‌ကိုကိုကတတိယနှစ်
ကျွန်တော်တို့ဟာ
ကျောင်းသားဘဝမှာဆုံခဲ့ခြင်းပါ
တွေ့ဆုံခြင်းကတော့သိပ်ကိုလှပခဲ့ပါတယ်
စကားတအားနည်းပြီး
အပေါင်းသင်းညံ့တဲ့ကျွန်တော့မှာ
သူငယ်ချင်းရယ်လို့အထက်တန်းကတည်းကတူတူတက်ခဲ့တဲ့လင်းထက်ဆိုတဲ့မျက်မှန်ပါဝါအထူကြီးနဲ့တစ်ယောက်သာရှိသည် ကိုကိုကတော့ဆန့်ကျင်ဘက်ပေါ့ ကိုကိုမာသူငယ်ချင်း၈ယောက်ရှိသည် ကိုကိုတို့အဖွဲ့သည်တက္ကသိုလ်တွင်နာမည်ကြီး ချောကြသည်ဟုဆိုရမည်ပင် မိန်ကလေးတိုင်းရဲ့ပါးစပ်ဖျားတွင် ကိုကိုတို့အဖွဲ့နာမည်သည်မပါမဖြစ်
ရှုပ်ရှုပ်ရှပ်ရှပ်မကြိုက်သည့်ကျွန်တော်ကတော့ ကိုကိုတို့အဖွဲ့အားကြည့်ကိုမရ

"ဟေ့!ဟိုဂျူနီယာလေး"

လျှောက်လမ်းတွင်ကျွန်တော်တစ်ယောက်ထဲရှိသည် 'ဟင်ဒါငါ့ကိုခေါ်တာလား' အင်းတကယ်ကိုကျွန်တော်ကြည့်မရပါဘူးဆိုသည့်ထိုစီနီယာခေါ်နေခြင်း

"ဟုတ်"

"ဘယ်အခန်းကလည်း အကို့ကိုမြန်မာဆောင်ကရုံးခန်းဆီဒီစာအုပ်နည်းနည်းကူသည်ပေးလို့ရလား"

"အော်ဟုတ်ကဲ့"

"ကျေးဇူးပါအကို့သူငယ်ချင်းတွေကကိစ္စရှိလို့အပြင်ထွက်သွားကြတာ"

ကျွန်တော်သိပ်တော့မယုံပါ ထိုစီနီယာတွင်သူငယ်ချင်းအများကြီးပင် ဒါပေမဲ့ အကုန်လုံးကိစ္စရှိတာကျထူးဆန်းသည်
သို့သော်စကားအများကြီးမပြောချင်တော့သည်မို့ကျွန်တော်ထပ်မမေးခဲ့

"ဟေ့ညီမင်းနာမည်ဘယ်လိုခေါ်လဲ"

"ရှိုင်းကိုခန့်ပါ"

"အော်အကိုက ဇင်မင်းထက်နော်မှတ်ထားအုံးအကူညီလိုရင်ပြောနော်"

You've reached the end of published parts.

⏰ Last updated: Oct 06, 2023 ⏰

Add this story to your Library to get notified about new parts!

One Short🤎Where stories live. Discover now