I Met My Another Piece In The First Snow

330 14 1
                                    

December လမို့ ရာသီဥတုက အေးစက်လျှက်
ခြောက်ကပ်ကပ်လေထုကသာ ရစ်သိုင်းလို့ထားသည်

ပေါင်ပေါ်မှ iPad စီမှ စတော့ရှယ်ယာအတက်အကျကိုကြည့်ရင်း စားပွဲ‌ေပါ်မှ Latte ကို ယူသောက်လိုက်၏
မှန်တံခါးဘေးမှာထိုင်နေတာမို့ လမ်းမဘက်မှ အဖြစ်အပျက်မှန်သမျှကိုအကုန်မြင်နေရသည်
အလျှင်လိုနေဟန်နဲ့ယောက်ယက်ခတ်သွားလာနေတဲ့ လူတွေရဲ့ပုံရိပ်က Haruto ဘေးနားက ‌မှန်ထက်မှာ ပုံရိပ်တို့ ထင်ဟပ်လျှက် ...

စားပွဲပေါ်မှ latte ကိုအကုန်သောက်ကာ ဆိုင်အပြင်သို့ထွက်ခဲ့လိုက်၏ ...ဆိုင်ထဲမှာတုန်းကတော့ အအေးဓာတ်ကသိပ်မသိသာပေမဲ့ ဆိုင်ပြင်ရောက်ပီဆိုကတည်းက အအေးဓာတ်က လွှမ်းခြုံသွားသည် ...ဝတ်ဆင်ထားတဲ့ ကာကီရောင် long coat ကြောင့်သာတော်သေးသည်ဆိုရမည်

ထိုစဉ်ကောင်းကင်ထက်မှ ကျဆင်းလာတဲ့ နှင်းစက်များ...
ပထမဆုံးနှင်းကျချိန်မှာ မျက်လုံး‌ေထာင့်မှဝင်လာတဲ့ပုံရိပ်လေးတစ်ခု ...

Bus stop ‌အမိုးကနေ လက်ကလေးထုတ်ကာ နှင်းစက်တို့ကို ခံယူနေလေသည် ...အဝါနုရောင် hoodie လေးနဲ့ အနှီလူသားငယ်က ငယ်ငယ်ကကြည့်ဖူးတဲ့ကာတွန်းကားထဲကchicken little လေးအလား...အနက်ရောင်ဘောင်းဘီရှည်ကတော့ ခြေ‌ထောက်အရှည်ကြီးတွေရှိမှန်းဖော်ပြနေသည်

"ဒုဥက္ကဌ "
စိတ်လွတ်လက်လွတ်ငေးနေရာကနေ အသံကြားမှ သတိဝင်မိသူပါလေ ...

"ခနနေ meetingအတွက် Fileတွေပါ"
"Companyထဲရောက်မှပေးလဲရပါတယ်ကွာ"
သူစာရွက်လှည့်ယူတုန်းခန busကားရောက်လာပီး အဝါနုရောင်အရိပ်လေးလဲ ပျောက်ကွယ်လို့သွားသည်

အလိုမကျစွာ ကျစ်တစ်ချက်စုတ်လိုက်ပီး မျက်စောင်းထိုးနေရာက MP Companyကြီးစီ ခြေလှမ်းလှမ်းလိုက်သည်

သေချာတာကတော့ပျောက်ဆုံးနေတဲ့ သူ့ရဲ့နှလံုးသားနောက်တစ်ပိုင်းကို ပထမဆုံးနှင်းကျချိန်မှာရှာတွေ့လိုက်ပီ



ရုံးခန်းစားပွဲပေါ်အကြည့်ရောက်သွားတော့ Harutoသက်ပြင်းတစ်ချက်မှုတ်ထုတ်မိသည်

ဒုဥက္ကဌ Watanabe Harutoဆိုတဲ့အကြည်ရောင်အပြား‌ေလးက လွန်ခဲ့တဲ့နှစ်လက မရှိခဲ့ပါဘူး ... Harutoဆိုတဲ့သူကလဲ စာရွက်စာတမ်းတွေကြားမှာနစ်မြုပ်မနေခဲ့ဘူး... suitတွေကိုပဲနေ့တိုင်းဝတ်ဆင်မနေခဲ့ဘူး...

Let Me TREASURE U : SKY BLUE stories Where stories live. Discover now