မှီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်ဆိုတာ အရာရာကိုစိတ်ဝင်တစား စူးစမ်းတက်တဲ့အရွယ်ပဲ။
ဝမ်ရိပေါ်တစ်ယောက် သူငယ်ချင်းဖြစ်သူယွီးပင်းရဲ့ မူဆွယ်မှုနဲ့အတူ Gaybar တစ်ခုကိုရောက်ရှိနေခဲ့ပါသည်။ သိတဲ့အတိုင်း Gaybar ဆိုသည်မှာ အမျိုးသားအချင်းချင်းသာစိတ်ဝင်စားကြသော ယောကျာ်းသားများသာ လာရောက်အဖော်ရှာသောနေရာ စိတ်အပန်းလာဖြေသောနေရာဖြစ်ခဲ့ပါသည်။ ယခုလည်း ရိပေါ်သည် ယွီပင်းနဲ့အတူ Gaybar ကိုလိုက်လာပြီး Gaybar အတွင်းရှိ ယောကျာ်းအလှလေးများကို မျက်စိအစာကျွေးနေ၏။
" ယွီးပင်း "
" အေး ရိပေါ် "
" မင်းပြောတဲ့ Uke ဆိုတဲ့ကောင်ကလေးတွေက တစ်ကယ့်အလှလေးတွေပါလား။ ငါတောင်သူတို့ကိုကြည့်ပြီး ငါအောက်တောင်ဆွဲသွင်းချင်လာပြီ။ ဒါပေမယ့် ငါကြောက်လို့။ အတွေ့အကြံမရှိရင် အသေနာတယ်ဆို။ ငါ့ဟာလေးက ဘယ်မဒီပျိုကိုမှ ပါကင်မဖောက်ရသေးတာမလို့ မတော်တဆနည်းလမ်းမမှန်ရင် ကျိုးသွားမှာဆိုးလို့"
ရိပေါ်စကားကြောင့် ယွီးပင်းသက်ပြင်းအသာချသည်။ သူကများ Uke လေးတွေကို သူ့အောက်ဆွဲသွင်းချင်လို့ မျက်စိအစာကျွေးနေတာပါတဲ့။ ဒါပေမယ့် Uke တွေထက် အဆတစ်ရာနီးပါး လှပလွန်းနေတဲ့သူ့ကို Seme ပေါင်းတစ်သိန်းတစ်သောင်းက ဆွဲစားဖို့ကြံရွယ်နေတယ်ဆိုတာ ယွီးပင်းသာပြောပြလိုက်ရင် ငါယီး ငါယိုးဆဲကာ ရှက်နေမှာမြင်ယောင်ပါသေးရဲ့။
ခဏအကြာ Gaybar အတွင်းရှိလူများသည် Gaybar အတွင်းတစ်စုံတစ်ယောက် ရောက်လာတော့မည့်ပုံစံဖြင့် ဝင်ပေါက်တံခါးဝကို အာရုံတွေရောက်သွားကြသဖြင့် ယွီးပင်းလည်း တံခါးဝနားအကြည့်ပို့၍ ဝမ်ရိပေါ်နားရွက်နားကပ်ကာ စကားတိုးတိုးလေးပြောသည်။
" ရိပေါ် မင်းသိလား "
" အေး မသိဘူး "
" ယီး ငါတောင်ဘားမှမပြောရသေးဘူးလေ "
" ဘယ်သိမှာတုန်း မင်းကအစမရှိမဆုံးမရှိ သိလားဆိုတော့ ငါမှဘားမှမသိတာ "
ရိပေါ်စကားကြောင့် ယွီးပင်းသက်ပြင်းသာအသာချပြီး စကားဆက်ပြောသည်။