ကြမ်းပြင်ပေါ်ကျကွဲသွားသည့်ဖန်ခွက်အသံသည် တိတ်ဆိတ်နေတဲ့bar အတွင်းမှာကျယ်လှောင်စွာ ထွက်ပေါ်လာခဲ့သည်။ ဒါကြောင့် အသံဖြစ်ပေါ်ရာဘက် လှည့်ကြည့်လာတဲ့လူတွေကြောင့် ရိပေါ်မျက်နှာလေးဟာရဲရဲနီသွားပြီး ကျကွဲသွားသည့်ဖန်ခွက်ကို အမြန်ဆုံး ကုန်းကောက်လိုက်စဉ် ဖြူဖွေးနုအိနေတဲ့ ရိပေါ်လက်လေးကို ထိန်းချုပ်ဖမ်းကိုင်လာသည့် အညိုရိပ်သန်းနေသော လက်ကြီးတစ်ဖက်။
"ဒီအတိုင်းကောက်လိုက်ရင် လက်ရှသွားမှာပေါ့ဘေဘီ "
ရိပေါ်သည် သူ့လက်ကိုဖမ်းကိုင်ကာတားလာသည့်လူအား မော့ကြည့်မိတော့ ထင်မှတ်မထားသူဖြစ်နေတာကြောင့် အံ့သြမိကာ ပါးစပ်လေးဖွင့်အသွား၏။
ဘဲကြီး...။
အနီးကပ်မြင်နေရတဲ့ ဘဲကြီးကိုအငေးကောင်းမှုကြောင့် ဟနေတဲ့ပါးစပ်လေးကို လှမ်းပိတ်ပေးလာတဲ့ ဘဲကြီးက မင်းလေးပါးစပ်ထဲ ယင်ကောင်ဝင်ဥတော့မယ်တဲ့။
ဒါကြောင့်ရိပေါ်သည် ဟနေတဲ့ပါးစပ်ကိုပိတ်ပြီး အရှက်ပြေရယ်လိုက်သည်။ ထို့နောက် bar တစ်ခုလုံးအားကျသလို ငေးကြည့်နေတဲ့လူတွေကိုတစ်ချက်ကြည့်ကာ သူ့လက်ကိုဖမ်းပိုင်ထားသည့်ဘဲကြီးလက်ကို ကျန်လက်တစ်ဖက်နှင့်ဖမ်းကိုင်လိုက်ပြီး ဆွဲယူနမ်းရှိုက်ပြလိုက်သည်။
ထို့နောက် ညို့ငင်အားပြင်းလွန်းတဲ့မျက်ဝန်းတွေနဲ့ ဘဲကြီးကိုကြည့်ကာ စွဲညို့အားပြင်းတဲ့လေသံလေးနဲ့ စကားခေါ်လိုက်သည်။
ကျွန်တော်ဘဲကြီးကိုစိတ်ဝင်စားတယ်လေ ဒါကြောင့်ကျွန်တော်တို့ဒီနေ့တစ်ည အချိန်တွေအတူဖြုန်းကြမလားတဲ့။
ရိပေါ်စကားကြောင့် သဘောကျသလိုပြုံးရယ်လိုက်သည့်ဘဲကြီးဟာ နှုတ်ခမ်းပါးပါးလေးအောက်ရှိ မဲ့နက်ကလေးတောင်နေရာရွေ့သွား၏။ ထို့နောက်ခေါင်းလေးအသာငြိမ့်ပြကာ အဖြေပေးလာသည် ဘေဘီစိတ်တိုင်းကျပေါ့တဲ့။
ထို့နောက် ဘဲကြီးရဲ့ပွေ့ချီမှုကိုခံကာ လိုက်ပါသွားရသည့် ဝမ်ရိပေါ်အား ယွီးပင်းဟာမျက်လုံးလေးများပြူးပြီး ငေးကြည့်ကာကျန်နေခဲ့ရ၏။
ရိပေါ်ဟာ ချစ်စဖွယ်မျက်လုံးဝိုင်းလေးကို ကလယ်ကလယ်လုပ်တက်နေတဲ့အပြင် ချွဲနွဲ့နွဲ့ပြောတက်တဲ့လေသံလေးရှိမှန်း ယွီးပင်းတစ်ကယ်မသိခဲ့မိဘူး။ နောက်ဆုံးယွီးပင်းခေါင်းလေးခါပြီး သက်ပြင်းအသာချသည်။ ယွီးပင်းရဲ့အချစ်ဆုံးသူငယ်ချင်းလေး မကြာခင်အချိန်အတွင်းမှာ လူပျိုဘဝကြီးကိုစွန့်ခွာရတော့မည်လို့...။