Scene 1

171 5 0
                                    

ဤကမ္ဘာကြီးမှာ........

တစ်လတွင်ပျမ်းမျှ သတင်းပတ် လေးပတ်ရှိသည်ဆိုပါက နှစ်ပတ်တွင် မိုးရွာပြီး ကျန်နှစ်ပတ်တွင် နေသာတတ်သည်။
မိုးရွာသည့်အပတ်များတွင် ကောင်းကင်ကြီးတစ်ခွင်လုံး ခရမ်းရင့်ရောင်များသန်းနေတတ်ပြီး တိမ်စိုင်တိမ်မဲကြီးများက အလိပ်လိုက်အလိပ်လိုက်စုပြုံကာ ကမ္ဘာမြေကြီးအား လွှမ်းခြုံထားတတ်တော့သည်။

လောကတစ်ခုလုံးမှောင်မှောင်လေးနဲ့ မှိန်မှိန်လေးသာ။

"အား...ကျွတ်ကျွတ်"

မှန်ကွက် ခြောက်ကွက်ရှိ​ပြီး အမည်းရောင်ကျည်းဘောင်ကွပ်ထားတဲ့ ​ပြတင်းပေါက်ကြီးဟာ ဟိုအဝေးက မိုး​မျှော်အဆောက်အဦးကြီးတွေနဲ့ နောက်ခံကောင်းကင်ကို ကွက်ကွက်ကွင်းကွင်းမြင်စေနိုင်လောက်အောင် ကြည်လင်သည်။

ထိုအဆောက်အဦးများကြားထဲမှာ မြစ်ကိုဖောက်ပြီး ဆောက်လုပ်ထားတဲ့ မြစ်ကူးတံတား အနီရောင်ကြီးလည်းရှိပေသည်။
ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေတာမို့ တံတားကြီးလည်း ကြက်သွေးရောင်သန်းလို့နေပြီ။
မီးဝါဝါတန်းနှစ်ခုထိုးထားတဲ့ မော်တော်ကားတစ်ချို့က ထိုတံတားပေါ်မှဖြတ်ဖြတ်သွားကြသည်ကိုလည်း လှမ်းမြင်ရသည်။

"နားဦးမှပဲ"

သူ့အလုပ်တွေကိုလက်စသတ် အပြီးဖြတ်ပြီး ထိုင်ခုံကနေအထ....
ဘေးကပြတင်းပေါက်ကြီးကို ငေးနေခိုက်.....

"တီ...တီ....တီ"

ဖုန်းမြည်လာသည်။

ဘယ်သူဆက်တာလဲဆိုတာ သူကြိုသိပုံရသည့်အလျောက် သက်ပျင်းချရင်းသာ သူသွားကိုင်လိုက်ရလေသည်။

"ဟယ်လို"
"အစ်ကိုရေ ဘယ်လိုမှပြောလို့မရတော့ဘူး"

တစ်ဖက်မှမိန်းကလေးတစ်ယောက်ရဲ့အသံ။

"ဟုတ်လား...တော်တော်မူးနေပြီလား"
"ဟုတ်တယ်....ဟို..စိတ်တော့မဆိုးပါနဲ့နော်အစ်ကိုရေ..သူကလေ"
"ဟုတ်"
"အစ်ကို့ကို ပါးလာချမယ်ကြီးပဲပြောနေတယ်"

ထိုစကားကိုကြားလိုက်ပေမယ့် သူဘာမှမတုံ့ပြန်။ခဏအကြာ တစ်ဖက်မိန်းကလေးကပဲ...

A Perfect World ( ပြီးပြည့်စုံသော ကမ္ဘာ )Where stories live. Discover now