Scene 2

85 3 0
                                    

အုပ်မိုးထားတဲ့ အပင်ကြီးဆီမှ
ပန်းရောင်အပွင့်အဖတ်လေးတွေက သူတို့ပေါ်ကို ဖြည်းညှင်းငြင်သာစွာ ခုန်ချလာသည်။တည့်တည့်ကျခြင်းမဟုတ်ပဲ ဝှေ့ကာဝိုက်ကာ လေညှင်းခေါ်ရာ ပါပါသွားတတ်သေးသည်။ မြေပြင်ပေါ်ကိုဆင်းသက်မသွားပဲ လူတို့အပေါ်ကျရင် တစ်ခဏမျှ ထိုသူအား အလှဆင်ပေးလိုက်ပြန်သည်။

ကံကြမ္မာရေးသားသော လူနှစ်ယောက် ပေါင်းစည်းခြင်း ခရီးလမ်း စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာကို ကျွန်ုပ်တို့ဖတ်နေရခြင်း ဖြစ်လေသည်။

"အားး"
"အင့်.."
"ဘုတ်"

သူ ဒီဘက်အလှည့် တစ်ဖက်ကလူကလည်း နောက်ကိုငေးရင်း လျှောက်အလာ.....
ဝင်တိုက်မိပြီး....
ကျယ်ပြန့်သောရင်ခွင်ကြီးထဲသို့ သူပြုတ်ကျသွားသည်။
သူမျက်လုံးလေးကလယ်ကလယ် နဲ့ ကြည့်နေရင်းက.....အောက်ကဖိခံထားရသူကစကားစသည်။

"ထတော့လေ"

သူ့ရဲ့ရင်ဘတ်နဲ့ ထိမိသွားတဲ့အတွက် ချက်ချင်းရှက်သွေးဖြာမိပြီး ဒေါသပါ တစ်ပါတည်းထွက်ရပါတော့သည်။

"တမင်လုပ်တာမလား...နင်မမြင်စရာအကြောင်းမရှိဘူး"
"မဟုတ်ပါဘူးဗျ...တကယ်မတော်တဆဖြစ်သွားတာပါ"

"နင့်ကိုတိုင်မယ်"
"....."

ထိုလူမှာ သူ့ကိုဘာမှပြန်မပြော။

ညနေရောက်တော့ အကုန်လုံးအိမ်ပြန်သွားကြပေမယ့် ကျောင်းမှာ သူနဲ့ထိုလူ နှစ်ယောက်သာကျန်သည်။

ကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲတွင် သူတို့နှစ်ယောက် လုံးရှိလို့နေပါသည်။

"သားရယ်....မင်းတောင်းပန်လိုက်ရင်ပြီးမယ့်ကိစ္စပါ"
"ကျွန်တော်မမှားတဲ့ကိစ္စကို ကျွန်တော်မတောင်းပန်နိုင်ပါဘူး ဆရာမ"

သူ့ရဲ့ နဂါးမျက်စောင်းနဲ့ ကြည့်ခြင်းကို ခံလိုက်ရပေမယ့် ထိုလူဟာ ပုံစံမပျက်ပဲ ဆက်ထိုင်လို့နေသည်။

တော်တော်ကိုအမြင်ကတ်စရာကောင်းလှသော လူသားတစ်ဦး ပါပဲ။

သူတို့နှစ်ယောက်အခုအလိုအခြေအတင်ဖြစ်တာ ပထမဆုံးမဟုတ်။
ပထမဆုံးက သူ့စာအုပ်အောက်ပြုတ်ကျသွားတာကို တက်နင်းသွားတဲ့ ထိုလူ သူ့ထက်တစ်တန်းကြီးတဲ့ ထိုလူ မထီမဲ့မြင့် ဂရုမစိုက် ဂျစ်ကန်ကန် ပုံစံနဲ့ထိုလူ ကိုမကျေနပ်လို့ ရုံးခန်းထိရအောင်ခေါ်ခဲ့ခြင်း။

A Perfect World ( ပြီးပြည့်စုံသော ကမ္ဘာ )Where stories live. Discover now