Unicode
ရုန်းရင်းဆန်ခတ် အခြေနေတစ်ခုရဲ့နောက်မှာ ထပ်တူကျသွားသော နှုတ်ခမ်းနှစ်ခုနဲ့ အံ့အားသင့်မှုတွေက တစ်စိမ့်စိမ့်ကြီးမားလာသော လေထု...
ကျောင်းရဲ့ရေခဲမင်းသားလေးနဲ့ ကျောင်းသားသစ်ကြီးတို့ နမ်းနေကြတယ်.....?
အဖြစ်ပျက်ကမြန်မြန်ဆန်ဆန်ဆိုပေမဲ့ မြင်ကွင်းကရှင်းလင်းလှသည်။ ထိုအထဲမှ တစ်စုံတစ်ယောက်က သူမရဲ့နှလုံးသားထွက်ကျသွားသလို အော်လိုက်သည်။
"Oh My God!!! My Yoongi!!!"
ဟုတ်ပါတယ် သူမက 'ဂျူမင်အို'ပါ ။ ပြုံးလိုက်ရင် ပါးမို့လေးတွေရှိပြီး သာမန်ရုပ်ရည်နဲ့ ကောင်မလေးပါပဲ။ ဘေးနားက သူမရဲ့သူငယ်ချင်း 'လီဟေးချယ်'ကတော့ လက်သွက်ခြေသွက်နဲ့ ထိုမြင်ကွင်းကို ဓါတ်ပုံရိုက်လိုက်ပါသည်။
ထိုအချိန်မှာပဲ နောက်တစ်ကြိမ် ရုန်းကန်မှုတွေနဲ့ 'ယွန်းဂီ'ရဲ့ ဒေါသသံက ဟိန်းထွက်လာသည်။
"မင်းကိုသတ်ပစ်မယ်!!!!"
"ခွပ်! ခွပ်! ခွပ်!"
အသံနဲ့ထပ်တူပဲ 'ဆော့ဂျင်း' ကို အပေါ်ကနေထိုးကြိတ်နေသော 'ယွန်းဂီ'ဟာ ဒေါသကြောင့်လား ရှက်တာကြောင့်လားမသိ တစ်ကိုယ်လုံးတုန်တာ ရဲတွက်နေသည်။
ရန်ပွဲကိုကြည့်နေတဲ့သူတွေမှာ အံ့ဩနေတာတစ်ခုရှိနေကြသည်။ အဲ့ဒါကတော့ ကျောင်းသားသစ်က သူ့လက်တွေကို ခေါင်းအုံးပြီး 'ယွန်းဂီ' ထိုးသမျှ ခံနေတာဆိုတာပဲ။
.
.
.
အတော်လေးအားပါသော လက်သီးချက်တွေကို သည်းခံရင်း ဆော့ဂျင်း တွေးမိတာက အသေးလေးက တော်တော်ရှက်သွားတာပဲ .... အနမ်းလေးတစ်ပွင့်နဲ့တင် အဲ့လောက်ထိ တုန့်ပြန်ရလား မဟုတ်မှ ဒါကသူ့ရဲ့ First Kissလား အိုးဟိုး ရက်စ်!...."တော်ကြစမ်း!!! အခုရပ်စမ်း!!!! မင်ယွန်းဂီ တော်တော့လို့ ငါပြောနေတယ်လေ!!!!"
ဘယ်သူအကြောင်းကြားလိုက်လဲမသိပေမဲ့ ဆရာမရောက်လာပြီး သူတို့နှစ်ဦးကိုဆွဲထုတ်သွားသည်။
.
.
.
.
.
ကျောင်းအုပ်ကြီးရုံးခန်းတွင် ရန်ဖြစ်ထားသည့်အတွက် အုပ်ထိန်းသူတွေခေါ်ထားရသည်။
YOU ARE READING
BFF ( Be the first feeling)
FanfictionNew Version 💜 Yoongi : "ငါ့အနားမကိုကပ်နဲ့!" Jin : "အွန်း" (ပိုတိုးကပ်လာ) (Tue နဲ့ Satတိုင်း အပိုင်းသစ် တင်ပေးပါမယ်) Story : Own Creation Cover Photo : Took from Google (#Crd Art Owner)