2 [Z]

291 9 0
                                    

မေလရဲ့အစပဲရှိသေးပေမဲ့ ဘယ်လောက်တောင် ငြီးငွေ့
စရာကောင်းလဲဆိုတာ ရှောင်းကျန့်သိလိုက်ရတယ်။
သူ့မှာ အလုပ်‌တွေ‌ရှိခဲ့တဲ့အချိန်တုန်းက voice အင်တာဗျူးတွေ၊ သူရဲ့ charity အလုပ်တွေ
နောက်ပြီး ရသစုံရှိုး ရိုက်ကူးရေးအသစ်‌တွေရောပဲ။
တစ်နေ့လုံး အလုပ်တွေနဲ့ပြည့်နေတဲ့အချိန်ကို သူပြန်သတိရမိသွားတယ်။အဲ့ဒီတုန်းက ဖိအားတွေ
ပိနေတဲ့အချိန်မှာတောင် သူအကောင်းဆုံးလုပ်ခဲ့တာ။

သူ့ချစ်သူကလည်း ထိုနည်း၎င်းပါပဲ။ကိုရိုနာဗိုင်းရပ် ဖြစ်နေတဲ့ အချိန်မှာတောင် အလုပ်တွေ တအား
လုပ်နေတုန်းပဲ။ တစ်လလောက် ကြာတဲ့အချိန်မှာ သူဖျားနေပြီဆိုတာ သူ့ကိုယ်သူသိလိုက်တယ်။ အဲ့ဒါကြောင့်ပဲ ဝမ်ရိပေါ်က အခုသူ့ဆီမှာရောက်နေတာ။

ဝမ်ရိပေါ်က အိပ်ရာပေါ်မှာ လဲလျောင်းနေရတယ်။ ဘာလို့ဆိုရှောင်းကျန့်က သူ့အတွက် စွတ်ပြုတ်
သွားလုပ်ပေးနေတဲ့အချိန်မှာ အဲ့လိုနေရမယ်လို့ မှာသွားခဲ့လို့။

"ကော ကျွန်တော်အိပ်ရာထဲမှာ ‌မနေလို့မရဘူးလား။
ပင်ပန်းသွားရုံပါ တအားကြီးမစိုးရိမ်ရပါဘူး"

ဝမ်ရိပေါ်ကပြောနေခဲ့ပေမဲ့ ရှောင်းကျန့်က မီးဖိုချောင်ထဲမှာ သူကြိုက်တဲ့ ဂျပန် ရာမန်ခေါက်ဆွဲကို
လုပ်ပေးနေတယ်။

"မဟုတ်ဘူး မရသေးဘူး ဒါက စိုးရိမ်ရတယ်။ ငါမင်းကို
အိပ်နေဖို့ပြောခဲ့တယ်မလား ဝမ်ရိပေါ်။မင်းနောက်ဆုံး
အိပ်ခဲ့တာက ဘယ်တုန်းကလဲ။"

ရှောင်းကျန့်က မီးဖိုချောင်ကနေ အိပ်ခန်းဘက်ကို
တစ်ချက်ထွက်လာပြီး ဝမ်ရိပေါ်ဆီကို ဓားနဲ့ညွှန်ပြီး
မေးလိုက်တယ်။

" မနေ့က ! "

ဝမ်ရိပေါ်က အခိုင်အမာပြောလိုက်ပြီး
အိပ်ရာပေါ်ကထလိုက်တယ်။ အဲ့လိုလုပ်လိုက်တဲ့
အတွက် သူ့ဆီကို ရောက်လာတဲ့ စူးရှတဲ့ အကြည့်တစ်ချက်ကို လက်ခံလိုက်ရတယ်။

"ခြောက်နာရီ အနည်းဆုံးလား ? "

ရှောင်းကျန့်က မီးဖိုချောင်ဆီကိုပြန်သွားလိုက်ပြီး
ရာမန်ခေါက်ဆွဲ စွတ်ပြုတ်အတွက်လိုတဲ့ အမျိုးမျိုးသော
အမယ်စုံတွေ‌ကို ရောထည့်လိုက်တယ်။

SLEEP Where stories live. Discover now