Part 1

716 12 0
                                    

(U)

အိမ်ထဲမှာဖွင့်ထားတဲ့ ဦးဌက်ရဲ့သီချင်းသံသာသာနဲ့အတူမနက်ခင်းက သာယာစွာ။ ဖေဖေလုပ်ပေးထားတဲ့ ခုံပုလေးပေါ်ထိုင်ရင်း သော်ခေါင်းဖြီးနေဆဲဆိုပေမယ့် ကြီးကြီးကဆွမ်းတော်ပင်ကပ်ပြီးနေပြီ။ ဖေဖေပြန်လာရင် သော်တော့အဆူခံရဦးမည်။

အိပ်ယာ၀င်နောက်ကျတော့ အိပ်ယာထလည်း နောက်ကျပြန်သည်။ စာဖတ်တာက ကောင်းတဲ့အကျင့်ပဲလို့ ပြောတတ်တဲ့ဖေဖေက ညည့်နက်သည်ထိ စာအုပ်တွေဖတ်ရင်းအချိန်ကုန်လျှင်တော့မကြိုက်။ ဒီနေ့ပြန်အပ်ရတော့မည်ဖြစ်၍ တစ်ညလုံးထိုင်ဖတ်ပြီး သော်မိုးလင်းမှအိပ်ပျော်သွားတာပင်။

စာအုပ်ဆိုင်က အဖိုးကသဘောကောင်းပေမယ့် အချိန်မှီပြန်အပ်တော့ နောက်လူတွေလည်း အချိန်မှီဖတ်နိုင်သည်။ ညနေကျလျှင်တော့ နှင်းဆီတို့ရောက်လာလိမ့်မည် ထိုခါမှ စာအုပ်ပြန်အပ်ရမည်။

"သော်ကလေးရေ"

"ဗျာကြီးကြီး"

"ကြီးကြီးစျေးသွားမလို့လိုက်ချင်လား"

"လိုက်ချင်တယ်"

"အ၀တ်လဲဦးမလားဒီတိုင်းလိုက်မလား"

"ဟီး မလဲတော့ဘူး"

ခါတိုင်းဆိုဖေဖေပဲစျေးကိုသွားနေကျဖြစ်၍ သော် မလိုက်ရ။ ဒီနေ့ဖေဖေက မိပ်ကပ်ပြင်ပေးရမှာမလို့ သားတို့သမီးအိမ်ကို အစောကြီးသွားရပါသည်။ အခုလည်း  ဖေဖေပြန်မလာနိုင်သေးကြောင်း ကြီးကြီးကိုဖုန်းဆက်ပြောတော့ ကြီးကြီးကသော့်ကို အိမ်မှာတစ်ယောက်ထဲထားခဲ့ချင်ဟန်မတူ။

တစ်ပတ်ကိုနှစ်ရက်လောက်တော့ မနက်ပိုင်းစျေးမှာ၀ယ်ချန်းလေ့ရှိသည်။ ထိုခါတိုင်းသော်လိုက်ချင်ပေမယ့် ဖေဖေက လူရှုပ်သည်ဟုဆိုကာ သည်တစ်ခုတော့အလိုမလိုက်။ ခုတော့ သော်စျေးလိုက်ခွင့်ရပြီဖြစ်သည်။ သော်တို့နေတဲ့ရပ်ကွက်လေးနဲ့ စျေးက သိပ်အလှမ်းမ​ေ၀းလှ။ ဖေဖေဆိုအမြဲခြေလျှင်သာ သွားသည်မို့ သော်နဲ့ကြီးကြီးလည်း စက်ဘီးလေးကိုမယူ။

"ကြီးကြီးသော့်ကိုဟိုရောက်ရင် မြန်မာမုန့်အစုံ၀ယ်ကျွေးနော်"

First Love (ပထမဆုံးအချစ်)Where stories live. Discover now