Dimness

1K 90 12
                                    






ဒယ်ဂူ မြို့

ဆောင်းရာသီ ဖြစ်တာကြောင့် နေရာတိုင်းမှာပင် နှင်းဖြူဖြူတွေက နေရာယူထားကြသည်။ အခုထိလဲ ဆက်လက် ဖွဲဖွဲလေး ကျနေတုံးပင်။

ဒါပေမဲ့ လူတွေကတော့ ဆောင်းရာသီဆိုပြီး အေးလွန်းလို့ ငါဘားမှမလုပ်ချင်တော့ဘူး ဆိုပြီး ဆောင်ခြုံထဲကွေးနေကြချင်းမရှိ ။ အားလုံးသူ့အလုပ်နှင့်သူ ။ နွေးနွေးထွေးထွေး နေပြီး အရာအားလုံးဟာ ပုံမှန်အတိုင်းလည်ပတ်နေခဲ့သည်။

ဂျယ်ယွန်း နှင်းဖွဲဖွဲကျနေသော အပြင်ဘက်ကို တစ်ချက်ကြည့်ကာ လက်ထဲက အဖြူ၊အပြာ ကွက်ကျားလေး ရောင်ခြယ်ထား၍ ချောကလက်ပူပူလေး ထည့်ထားတဲ့ ကြွေခွက် လေး၏အပေါ်မှာတစ်ဆင့် ခံစားနေရတဲ့ အပူအပေါ် လက်နှစ်ဖက်အုပ်ကိုင်ထားပြီး တစ်ချက်မော့လိုက်သည်။

လျှာခံတွင်းထက် ဝင်လာသော ပူပူနွေးနွေးခံစားလိုက်ရတဲ့ ချိုချိုမွှေးမွှေး အရသာကြောင့် စိတ်ကျေနပ်စွာ နှုတ်ခမ်းကိုလျှာနှင့်သပ်ပြီး စွဲကျန်နေရစ်သော ချောကလက်ချိုချိုကို ပါးစပ်အရသာခံနေလိုက်သည်။

ဂျယ်ယွန်း၏ ဘဝလေးသည် ရိုးရှင်းလှသည်။
အရမ်းကြီးလဲမချမ်းသာသလို အရမ်းကြီးလဲ ဆင်းရဲမနေ ၊ စားဝတ်နေရေးအတွက် ငွေအလုံအလောက်ရှိသည်။ အလုပ်သည်လဲ ရိုးရိုးရှင်းရှင်း ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည်။

ဒါပေမဲ့ ကျန်းမာရေးအခြေအနေကြောင့် ခဏတော့ ရပ်နားထားသည် ဆိုရပါစို့။ ကျန်းမာရေးအခြေအနေက အရမ်းဆိုးဝါးသည်မဟုတ် ရိုးရိုး ပုံမှန်ခေါင်းကိုက်ပြီး မူးဝေတာနဲ့ ခပ်ဆင်ဆင်ပင် ။ ခဏခဏ ခေါင်းကိုက်လို့ ဆရာဝန်စီသွားပြခဲ့သည်။ ဆရာဝန် က အလုပ်ကြောင့် စိတ်ဖိစီးတာဖြစ်လိမ့်မည်ဟု သတ်မှတ်ချက်ပေးတာကြောင့် ဂျယ်ယွန်း အလုပ်ကိုယာယီ ရပ်နားခဲ့သည်။

အခုလက်ရှိ အိမ်အတွက် ဝင်ငွေရအောင် လုပ်ဆောင်ပေနေသူမှာ သူ့ချစ်သူ ပင် ဖြစ်သည်။ အီဟီဆွန်း လို့ ခေါ်တဲ့ ချောမောတဲ့ သူ့ချစ်သူပေါ့ ။ လိင်တူချစ်သူတွေဖြစ်ကြပေမဲ့ နှစ်ယောက်စလုံးမိဘမရှိတဲ့ တစ်ကောင်ကြွက်တွေဖြစ်တာကြောင့် ကန့်ကွက်ခံရတာတွေ မရှိ အေးအေးချမ်းချမ်းနေနိုင်သည်။

You've reached the end of published parts.

⏰ Last updated: Jan 23, 2023 ⏰

Add this story to your Library to get notified about new parts!

A Dim Memory ✓Where stories live. Discover now