ဂျယ်ယွန်းကိုခေါ်လာတဲ့နေရာက တောင်ပေါ်ကျောင်းရဲ့မြောက်ဘက်မှာရှိနေတဲ့ ဒေစီပန်းခင်းဆီကို။
ဒီနေရာလေးက ဆောင်းဟွန်းငယ်ငယ်တည်းက အမြဲလိုလို လာဖြစ်တဲ့နေရာလေး။ တောင်စောင်းတစ်လျှောက်လုံးမှာ ဒေစီပန်းခင်းကြီးဖြစ်ပြီး ထိုပန်းခင်းအလွန်မှာတော့ ချောက်တစ်ခုပဲရှိတော့တယ်။
တကယ်တော့ ဂျယ်ယွန်းကိုတွေ့တည်းကဆောင်းဟွန်းစဉ်းစားတာ ဒီပန်းခင်းကြီးကိုလိုက်ပြဖို့။ ဒီတစ်မြို့လုံးမှာ ဒေစီပန်းခင်းကဆောင်းဟွန်းအတွက်အလှဆုံးလို့သတ်မှတ်ထားတယ်။ ဒါပေမယ့် ဂျယ်ယွန်းကိုတွေ့လိုက်တော့ ဒီထင်မြင်ချက်ကမှေးမှိန်လာသလိုခံစားလာရလို့။
ခပ်မြန်မြန်နင်းလာတဲ့စက်ဘီးကို ဆောင်းဟွန်းရပ်လိုက်တယ်။ ဂျယ်ယွန်းကတော့စက်ဘီးပေါ်ဆင်းပြီး ဆောင်းဟွန်းဘေးမှာရပ်လို့ ပန်းခင်းကြီးကိုကြည့်ပြီးအံ့ဩနေတုန်းပဲ။
"လှလိုက်တာ ..."
ဂျယ်ယွန်းဆီကခပ်တိုးတိုးထွက်လာတဲ့ ရေရွတ်သံလေး။
တောင်ပေါ်ပိုင်းဖြစ်နေတာမို့ တိုးနေတဲ့လေတွေကြောင့် ဂျယ်ယွန်းရဲ့အညိုရောင်ဆံပင်လေးတွေက ခပ်လွင့်လွင့်။ နေဝင်ခါနီးဖြစ်နေတဲ့ပတ်ဝန်းကျင်ကပုစွန်ဆီရောင်ရဲရဲလေးက ဂျယ်ယွန်းအပေါ်ကိုပဲသက်ရောက်နေတာများလား။ အကျည်းတန်တဲ့အရာတွေတောင်နေဝင်ချိန်မှာဆိုလှတယ်တဲ့။
အကျည်းတန်တဲ့အရာတွေတောင်လှတာ ဆောင်းဟွန်းအတွက် အခုလိုအခြေအနေမှာရှိတဲ့ဂျယ်ယွန်းဆို ပြောမနေပါနဲ့တော့။
လှတယ်လို့သုံးတာဟာ ယောက်ျားလေးတွေနဲ့မအပ်စပ်တာသိပေမယ့်လည်း ယောက်ျားလေးတစ်ယောက်ဟာ
ဒီလောက်လှရက်သလား ဆောင်းဟွန်းမသိပါ။သို့သော်ငြား အခုချိန်မှာ ဆောင်းဟွန်းကိုလာမေးရင်တော့
"ဟုတ်တယ် ! သိပ်လှတာပဲ" လို့သေချာပေါက်ဖြေမိမှာ။"အင်း တကယ်ကိုပိုလှတယ် ..."
ဂျယ်ယွန်းက ဒေစီပန်းခင်းကိုမျက်နှာမူပြီးရည်ညွှန်းလိုက်ပေမယ့် ဆောင်းဟွန်းကတော့ ဂျယ်ယွန်းရှိရာကိုမျက်နှာမူပြီးပြောလိုက်တာ။
YOU ARE READING
𝑼𝒏𝒕𝒊𝒕𝒍𝒆𝒅 [ Sungjake ]