အချစ်တဲ့ .....အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြတယ် မောင်
ဒါဆို ကျွန်မကရော???
အချစ်ဆိုတာကိုဘာမှန်းမသိသေးတဲ့အရွယ်က
ကျွန်မ ဘာမှမသိခဲ့ဘူးမောင်
အဖေနဲ့အမေကတစ်ယောက်နဲ့တစ်ယောက်ချစ်ကြလို့
လက်ထပ်ခဲ့တယ် အဲ့တာကိုပဲအချစ်လို့ထင်ခဲ့မိတယ် မောင်.
ကျွန်မ အတွေးတွေလွဲချော်သွားတဲ့နေ့က မောင်နဲ့စဆုံမိတဲ့နေ့လေးပေါ့
(23.3.2011)
ကျွန်မ သိခဲ့ပြီမောင်
အချစ်ဆိုတဲ့အဓိပ္ပါယ်ကိုလေ ..ကောင်းကောင်းကြီးနားလည်ခဲ့ပါတယ် ...
မြင်မြင်ချင်း ချစ်ခဲ့တာပါမောင်..
မောင်အရေးတကြီးပုံစံနဲ့ အပြေးအလွှားဖြစ်နေတဲ့ပုံလေးပေါ့ .
ကျွန်မ လမ်းထောင့်လေးမှာကြက်တောင်ရိုက်နေရင်း
အပြေးအလွှားနဲ့ ကျွန်မရဲ့ဘယ်ဘက်လက်မောင်းကို ၀င်တိုက်သွားခဲ့တဲ့ မောင့်ကို ကျွန်မအော်ခဲ့သေးတယ်နော် .
ကျွန်မ အဲ့တုန်းကရင်ခုန်သံတွေကိုမသိခဲ့ပါဘူး
အေးစက်နေတဲ့ မောင့်လက်ဖျားကြောင့်လို့လန့်သွားတယ်ပဲထင်နေမိခဲ့တာ .
...............
(25.3.2011)
ကျွန်မတို့ လမ်းထဲကို အသစ်ပြောင်းလာတဲ့လူတွေကမောင်ပါလားဆိုတာ သိခဲ့ရတယ် .
ကျွန်မ တက္ကသိုလ် ၀င်တန်းအတွက် ကျူရှင်ကြိုတက်နေရပြီမောင် ..
အမှန်တိုင်းပြောရရင် ..ကျွန်မမောင့်အကြောင်းတွေစုံစမ်းချင်သေးတယ် .
အဲ့တုန်းကအရမ်းငယ်တဲ့အရွယ်ကြောင့် ..မောင်များသိသွားရင် ဆိုတဲ့အတွေးနဲ့ ဖြေသိမ့်ခဲ့ရတယ်မောင်.
YOU ARE READING
My Future is you
PoetryThis is my real feeling . Characters are me and my crush . Not fiction .Only write my feeling on him.