My Future is You(H.Hlann.A)

920 74 14
                                    

အချစ်​တဲ့ .....အမျိုးမျိုးအဓိပ္ပါယ်​ဖွင့်​ကြတယ်​ ​မောင်

ဒါဆို ကျွန်​မက​ရော???

အချစ်​ဆိုတာကိုဘာမှန်းမသိ​သေးတဲ့အရွယ်​က

ကျွန်​မ ဘာမှမသိခဲ့ဘူး​မောင်

အ​ဖေနဲ့အ​မေကတစ်​​ယောက်​နဲ့​တစ်​​ယောက်​ချစ်​ကြလို့

လက်​ထပ်​ခဲ့တယ်​ အဲ့တာကိုပဲအချစ်​လို့ထင်​ခဲ့မိတယ်​​ ​မောင်​.

ကျွန်​မ အ​တွေး​တွေလွဲ​ချော်​သွားတဲ့​နေ့က ​မောင်​နဲ့စဆုံမိတဲ့​နေ့​လေး​ပေါ့

(23.3.2011)

ကျွန်​မ သိခဲ့ပြီ​မောင်

အချစ်​ဆိုတဲ့အဓိပ္ပါယ်​ကို​လေ ..​ကောင်း​ကောင်းကြီးနားလည်​ခဲ့ပါတယ်​ ...

မြင်​မြင်​ချင်း ချစ်​ခဲ့တာပါ​မောင်​..

မောင်​အ​ရေးတကြီးပုံစံနဲ့ အ​ပြေးအလွှားဖြစ်​​နေတဲ့ပုံ​လေး​ပေါ့ .

ကျွန်​မ လမ်း​ထောင့်​​လေးမှာကြက်​​တောင်​ရိုက်​​နေရင်း

အ​ပြေးအလွှားနဲ့ ကျွန်​မရဲ့ဘယ်​ဘက်​လက်​​မောင်း​ကို ၀င်​တိုက်​သွားခဲ့တဲ့ ​မောင့်​ကို ကျွန်​မ​အော်​ခဲ့​သေးတယ်​​နော်​ .

ကျွန်​မ အဲ့တုန်းကရင်​ခုန်​သံ​တွေကိုမသိခဲ့ပါဘူး

အေးစက်​​နေတဲ့ ​မောင့်​လက်​ဖျား​ကြောင့်​လို့လန့်​သွားတယ်​ပဲထင်​​နေမိခဲ့တာ .

...............

(25.3.2011)

ကျွန်​မတို့ လမ်းထဲကို အသစ်​​ပြောင်းလာတဲ့လူ​တွေက​မောင်​ပါလားဆိုတာ သိခဲ့ရတယ်​ .

ကျွန်​မ တက္ကသိုလ်​ ၀င်​တန်းအတွက်​ ကျူရှင်​ကြိုတက်​​နေရပြီ​မောင်​ ..

အမှန်​တိုင်း​ပြောရရင်​ ..ကျွန်​မ​မောင့်​အ​ကြောင်း​တွေစုံစမ်းချင်​​သေးတယ်​ .

အဲ့တုန်းကအရမ်းငယ်​တဲ့အရွယ်​​ကြောင့်​ ..​မောင်​များသိသွားရင်​ ဆိုတဲ့အ​တွေးနဲ့ ​ဖြေသိမ့်​ခဲ့ရတယ်​​မောင်​.

You've reached the end of published parts.

⏰ Last updated: May 19, 2015 ⏰

Add this story to your Library to get notified about new parts!

My Future is youWhere stories live. Discover now