မောင့်ကိုအသက်ထက်ပိုချစ်သည်.....
အခန်း (၁)
ကျွန်မနာမည် တိမ်တိုက်ဖြူ.. ရင်းနှီးသူတွေကတော့ ကျွန်မကို ဖြူလို့ခေါ်ကြတာပေါ့။ ဟုတ်ပါတယ် ကျွန်မက မိန်းမလျှာတစ်ရောက်ပါ ရှင်တို့ရဲ့အရပ်စကားနဲ့ပြောရင်ပေါ့...ကျွန်မက ငယ်" လေးကတည်း မိန်းကလေး တစ်အားဖြစ်ချင်ခဲ့တာ ကျွန်မရဲ့ ဖြစ်တည်မှု ကို ကျွန်မအိမ်ကတော့ လက်မခံနိုင်ဘူးလေ....အထူးသဖြင့် ဖေဖေပေါ့... ကျွန်မကို အမြဲတမ်းနှိမ့်ချတယ် ကျွန်မရဲ့ဘ၀မှာ အဖေဆိုတာမလိုအပ်ခဲ့ဘူး... အဖေတင် မဟုတ်ဘူး မိသားစုဆိုတာကြီးကို လည်းကျွန်မ အရမ်းမုန်းမိတယ်....ကျွန်မအသက် ၁၀ နှစ်အရွယ်မှာ မေမေဆုံးသွားတယ်.....ဖေဖေလည်းမေမေစိတ်နဲ့ပဲ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့တယ်....
ကျွန်မ ဒေါ်လေး ရှိ နဲ့ အတူနေတယ်... ကျွန်မငယ်ငယ်ကတည်းက ဒေါ်လေး နဲ့အတူနေတာများတယ်လေ..ကျွန်မရဲ့အကြောင်းကို ဒေါ်လေးကပိုသိတာပေါ့..ကျွန်မအသက် ၁၆နှစ်မှာ ကျွန်မ ဆယ်တန်းကို ၂ဘာသာနဲ့အောင်တယ်..ကျွန်မ၀မ်းမသာပါဘူး..ကျွန်မကိုဂုဏ်ယူဖို့ ဒေါ်လေးကလွှဲပီး ဘယ်သူမှမရှိဘူးလေ...ဒီလိုနဲ့.........
ဖြူ ရေ ဖြူ ထတော့လေ ဒီကောင်မလေးနဲ့ကတော့
ဘယ်အချိန်ရှိပီလဲ ကြည့်အုန်း ဒီနေ့ဖြူရဲ့ ကောလိပ်ပထမဆုံးနေ့လေ ထတော့ ရေချိုး ပြင်ဆင်ပီး ဆင်းခဲ့ ကြားလား ဖြူ...ဟာ ဒေါ်လေးကလည်း ဖြူမထချင်သေးပါဘူးကွာ
ခုမှအစောကြီးရှိသေးတာကို ဒီဒေါ်လေးနဲ့ကတော့...
ဒီကောင်မလေး တော်တော်အပျင်းထူ နေတာ ထတော့ထတော့ ကြားလားသမီး.....
.
.
ဟယ် ဖြူ ဘာစိတ်ညစ်စရာတွေများရှိလို့ ဆေးလိပ်တွေ ဒီလောက်သောက်ထားရတာလဲ ဖြူရယ် ....ဒီလိုပါပဲ ဒေါ်လေးရယ်..ဖြူ ငယ်ငယ်ကအကြောင်းတွေ ပြန်စဉ်းစားပီး ညကအိပ်မပျော်လို့ပါ...
ဖြူရယ် ငယ်ငယ်ကအကြောင်းတွေပြန်စဉ်းစားမနေနဲ့နော်.ဖြူပင်ပန်းမာပေါ့....ဖြူအနားမှာ ဒေါ်လေး ရှိ
တစ်ရောက်လုံးရှိတယ် ဖြူရဲ့ အမေဆိုလည်းဟုတ်တယ်..အဖေဆိုလည်းဟုတ်တယ်နော်...ဖြူဟုတ်ပါပီ ဒေါ်လေးရဲ့...ဖြူထပီနော်.....
အေး"သမီး..ဒေါ်လေးအောက်မှာ မနက်စာစားဖို့ ဒေါ်လေးစောင့်နေမယ်နော်