Unicode
*ဟက်ချိုး*မိုးရည်ထဲပြေးနေခဲ့ခြင်းရဲ့အကျိုးရလဒ်ကထယ်ယောင်း၁ယောက်ဖျားနေပြီဖြစ်သည်။
ထိုနေ့ကJkနှင့်အတူအိမ်ပြန်လာခဲ့ပြီးပြန်ရောက်တော့နေလို့မကောင်းဖြစ်နေကာယခုဖျားနေခြင်းပင်။ဖျားနေတော့ဆေးရုံလဲမသွားနိုင်တာမို့ဆေးရုံအုပ်ကိုသာဖုန်းဆက်ကာမလာနိုင်ကြောင်းခွင့်တိုင်ထားရသည်။~Ring~Ring~Ring~
''Hello..Jkပြော''
''Hyungဖျားနေတယ်ဆို''
''အင်းဟုတ်တယ်မနေ့ကမိုးမိသွားလို့ထင်တယ်''
''ထင်သားဘဲhyungရာ..ကျွန်တော့်ကိုကျကျန်းမာရေးဂရုစိုက်ပြောပြီးhyungကြဖြစ်သလိုအမြဲနေတယ်''
''ငါဘာမှမဖြစ်ပါဘူးJkရယ်''
''ဘာမှမဖြစ်ဘူးလုပ်မနေနဲ့ကျွန်တော်အိမ်ရှေ့ရောက်နေပြီတံခါးလာဖွင့်''
''ဟင်..အခုလား''
''အမြန်လာဖွင့်ဗျာ ကျွန်တော်စောင့်နေတာကြာပြီ''
''အေးပါကွ
~~~~~~~~~''ထိုင်Jk..မပြောမဆိုနဲ့ဘယ်လိုရောက်လာတာလဲ''
''Hyungဖျားနေတယ်ဆိုလို့လေ ဒါနဲ့ဆေးသောက်ပြီးပြီလာhyung''
''ဟင့်အင်း''
''တွေ့လားhyungကတော့တကယ်ပါဘဲ
အဲ့ဒါဆိုအခုဆေးသောက်မယ်ဘာစားပြီးပြီလဲ''''ဘာမှမစားရသေးဘူး အိုမားတို့ကသွားစရာရှိလို့ထွက်သွားတယ်အိမ်မှာငါ၁ယောက်ထဲ''
''ဖြစ်ရမယ်hyungရယ်...ကျွန်တော်ရောက်လာလို့ပေါ့မဟုတ်ရင်hyungဘယ်လိုလုပ်မလဲ''
''ငါ့အသက်27ဖြစ်နေပါပြီဟေ့ကောင်ရ အဲ့လောက်တော့ငါ့ကိုငါဂရုစိုက်တက်ပါတယ်''
''ဟုတ်ပါပြီ..ကျွန်တော်ဆွတ်ပြုတ်ဝယ်လာတယ်သောက်ရအောင်ပြီးရင်ဆေးသောက်ရမယ်''
''အင်း''
~~~~~
''ကောင်းလားhyung''''အွန်း..မင်းဝယ်လာတာမို့ထင်တယ်အများကြီးအရသာရှိတယ်''
''ဟားဟားဟုတ်ပါပြီဒါဆိုလဲကုန်အောင်သောက်လိုက်နော်Hyung''
''အွန်း''

YOU ARE READING
In the rain
Fanfictionကျွန်တော်တို့မိုးရည်တွေထဲမှာတွေ့ဆုံပြီးမိုးရည်တွေထဲမှာခွဲခွာခဲ့ရတယ်နော်Hyung...