Dilemma

710 31 19
                                    

အစ်မရဲ့ ဗိုက်ထဲမှာ ကလေးလေး ရှိနေတယ်ဆို အဟုတ်လားဟင်

ကလေးကိုဘယ်သူပြောသလဲကွယ်

အပြုံးချိုချို ပါးဖောင်းဖောင်းလေးနဲ့ အစ်မကို ဆူးကသိပ်ကိုတွယ်တာတာပါ အခုလည်း ဆူးရဲ့အမေးကို အပြုံးနဲ့ပြန်မေးနေပြန်တာ

ဂေဟာထဲမှာ‌ ပြောနေကြတာရယ်

အဟုတ်ပဲဆူးရဲ့ ဆူးရဲ့ညီမလေးက နောက် ရှစ်လလောက်ဆိုရင် အပြင်ကိုထွက်လာတော့မှာ

အစ်မက ဂေဟာထဲမှာ အခုလက်ရှိ ဆူးတို့ကို စာပြန်ပြပေးနေတာပါ ဂေဟာမှာ အမြဲထောက်ပံ့ပေးနေတဲ့ မိသားစုရဲ့သားငယ်က ဂေဟာကိုလာရင်း အစ်မကိုမြင်ပြီး ချစ်ခင်နှစ်သက်မြတ်နိုးမိတာကြောင့် ဂေဟာမှူးဆီမှာ တောင်းရမ်းလက်ထပ်ခဲ့ကြတာပါ အစ်မက ဂေဟာကို သံယောဇဉ်မပြတ်နိုင်တာရယ်ကြောင့် ခုချိန်ထိ အမြဲကိုလာနေတုန်းပါပဲ ညနေမှ အစ်မအမျိုးသားက ပြန်လာခေါ်တာ

............

နောက်လဆို မွေးတော့မှာမို့ ကျွန်မ နောက်တစ်ပတ်ကစပြီး ဂေဟာကို မလာဖြစ်လောက်တော့ဘူး ဆရာမကြီးရယ် ကျွန်မဖြင့် သတိရနေမိတော့မှာ

ဒါပေါ့သမီးရယ် ဒါပေမယ့်တော်သေးတာပေါ့ ဆူးတို့က မူလတန်းနောက်ဆုံးနှစ်ကို ဖြေပြီးသွားလို့

သမီးလည်း ခွင့်တောင်းချင်လို့ ဆူးကိုလေ သမီးအိမ်ကိုခေါ်သွားချင်တာ သူလေးကလည်း ဆရာမကြီးကသာ ခွင့်ပြုရင် လိုက်ခဲ့မယ်တဲ့

ဆရာမကြီးဆီမှာ ခွင့်လာတောင်းပြီးသွားပြီ သမီးရေ သမီးကို စိတ်မချလို့ပါတဲ့လေ အဲ့ကလေးက

............

အစ်မရဲ့ကလေးလေးက ချစ်ဖို့ကောင်းလိုက်တာ ညီမလေးကိုသာ ပေးလိုက်ပါတော့လား

ဟားဟား ဆူးကတော့လေ အစ်မလည်း သမီးလေးကိုအရမ်းချစ်တာလေ ဆူးကိုရော သမီးလေးကိုရော သိပ်ချစ်တယ် သိလား

.............

ဂျိန်းလေးရေ

ဟော ဆူး
လူမမြင်ရသေး အသံကအရင်ပါလား
ဂျိန်းလေးက အိပ်သွားပြီ

ဂျိန်းနိုးလာမှတူတူဆော့တော့မယ်

............

ဂျိန်းလေးရေ

Jensoo (Short Story Collection)Where stories live. Discover now