Chapter 5

4.3K 181 6
                                    

ရှောင်းကျင်ရှန်း တောထဲ၌ ၆ရက်ကြာ နေပြီးနောက် အလင်းရောင်ရှိတုန်းလေး အိမ်သို့မြန်မြန် ပြန်ပြေးလေသည်။

ရယ့်မိသားစု ခြံဝင်း၌

အသက်ကြီးကြီး အမေကြီးဝမ်သည် ခွေးခြေခုံပေါ်ထိုင်၍ ဗိုလ်စားပဲများ ရွေးနေလေသည်။တစ်ချက်တစ်ချက် ကျယ်ပြောစိမ်းလန်းသည့် တောင်တန်းကြီးအား ကြည့်ကြည့်ရင်း ရှောင်းကျင်ရှန်းအား စိုးရိမ်စပြုလာ၏။ကျင်ရှန်းတောထဲသွားတာ ငါးရက်ပင် ရှိလေပြီ။ဘာမှမဖြစ်ဖို့ရာ မျှော်လင့်ရတာပဲ။ကံမကောင်းပဲ သားရဲတွေနဲ့ သွားတိုးတာတို့ ၊ ကျွင်းထဲချိုင့်ထဲ ပြုတ်ကျနေတာတို့......တွေးမိတွေးရာ တွေးပြီးနောက် ဖီးဖီးဖီးဟု ခဏခဏပင် တံတွေးထွေးမိသည်။ကောင်းသည့်အရာများ တွေးမိရင်သာ ဘယ်တော့မှ မဖြစ်လာသော်လည်း မကောင်းသည့်အတွေးများဆိုလျှင်ဖြင့်တစ်ခါမှ မဖြစ်လာသည်မျိုးမရှိတတ်။ကျင်ရှန်း သေချာပေါက် ဘေးကင်းကင်း ဆိုက်ဆိုက်မြိုက် ရောက်လာမှာပါလေး။

အမေကြီးဝမ်သည် နွမ်းနွမ်းလျလျနှင့် နေ့လည်တိုင် အလုပ်လုပ်ပြီးနောက် တောဝက်အသည်းအား ယူထုတ်လာခဲ့သည်။ထိုအသည်းအား ရေဆေးပြီး လက်တစ်ဖဝါးစာစီ ပါးပါးလှီးလိုက်လေ၏။မီးဖိုပေါ်မီးထည့်၊ ရေဆူအောင်တည်၍ ဆေးပြီးသားဆန်အချို့ ထည့်ကာ အဖုံးအုပ်ထားလိုက်သည်။အမေကြီးဝမ်သည် အဆင်မပြေလွန်းစွာပင် ပူလောလျက် ချွေးများကျသည်အထိ မီးမှုတ်နေရလေ၏။တောဝက်အသည်းအား အိုးထဲထည့်လိုက်စဉ် အမေကြီးဝမ်သည် ခြံဝင်းထဲမှ ဆူညံညံအသံများအား ကြားလိုက်ရတော့သည်။

တောက်တောက်ပပ နေရောင်အောက်တွင် ရှောင်းကျင်ရှန်း၏ အရိပ်မှာ တောင်ကြီးတစ်တောင်ကဲ့သို့ မြင့်မြင့်မားမား ထင်ထင်ရှားရှားနှင့်။

"လူလေးရှောင်း မင်းနောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပဲ!"
အမေကြီးဝမ်သည် တောဝက်အသည်းဆန်ပြုတ်အား ပစ်ထား၍ ရှောင်းကျင်ရှန်းအား သွားပြေးတွေ့လေ၏။ရှောင်းကျင်ရှန်း ဘေးပတ်ပတ်လည်အား ကြည့်ပြီးနောက် ‌လက်ထဲမှ လေးနှင့်ဟင်းကောင်အား မြေပြင်ပေါ် ချလိုက်သည်။မျက်နှာပေါ်တွင်လည်း အနည်းစိတ်ပျက်သွားဟန်နှင့် မေးလာခဲ့၏။
"ချန်ကန်းကဘယ်မှာလဲ?"
တောထဲ ငါးရက်ဆက်တိုက် အမဲလိုက်ပြီးသည့်နောက် ရှောင်းကျင်ရှန်းမှာ ပင်ပန်းနွမ်းနှယ်နေဟန် ၊ အသံသည်လည်း ခြောက်သွေ့သွေ့ ကွဲရှရှနှင့်။သို့သော်လည်း ရေသောက်၍ အနားယူရန် စိတ်ကူးပုံမရပဲ အတွေးထဲ ချန်ကန်းလေးရှိရာသို့သာ စိတ်ရောက်နေသည်။

Little Fool [Complete]Where stories live. Discover now