၁၂.၂

2.3K 182 27
                                    

၁၂.၂    

လူလိမ်

ဟော်လီက  လငါးရှောင်ယဲ့၏ နောက်ကျောကို ကြည့်ရင်  ရုတ်တရက် တစ်စုံတစ်ခုကို  တွေးမိလိုက်သည်။တစ်ကယ် လို့  သူမသာ  အမှန်တစ်ကယ်ပြောင်းလဲ မယ်ဆိုရင်  သူတို့မိသားစု အနာဂတ်မှာ  သာယာပျော်ရွှင်ရလိမ့်မည်။

လင်းရှောင်ယဲ့က မီးဖိုချောင်ထဲမှာ သန့်ရှင်းရေး လုပ်ပြီးနောက် သူမက  အိုးကြီးတစ်လုံးဖြင့်  ရေကို ထည့်ကျိုကာ  ရေချိုးဖို့ ပြင်ဆင်လိုက်သည်။

ကံမကောင်းစွာဘဲ ရာသီဥတုက အခုချိန်ထိ အေးနေသေးသည်။သူမက လွန်ခဲ့သော ၂ ရက်က  ရေချိုးခဲ့သည်။ထို့ကြောင့် သူမကိုယ်၌ ပနံ့အသက် သိပ်မရှိပေ။သို့သော်လည်း  သူမက  မကြာခဏ ဆေးကြောလေ့ရှိသည်။ဒါအပြင်  ကိုယ်နံ့ နံတာက  သူမကို သတ်နေသလို ခံစားရစေသည်။

သို့သော်လည်း ရေချိုးတာက  ဖြေရှင်းချက် တစ်ခု မဟုတ်ပေ။၎င်းက  အနံ့ကို  ခဏသာ ထိန်းချုပ်ပေးနိုင်သည်။သူမ  အနေဖြင့်  ကိုယ်နံ့ဆိုးခြင်းကို  ကုသဖို့နည်းလမ်းရှာဖို့ လိုအပ်နေပြီဖြစ်သည်။

ထိုအကြောင်းကို တွေးတောရင်း  လင်းရှောင်ယဲ့က ထောင့်ဘက်ကို  တစ်ချက်ကြည့်လိုက်သောအခါ စဉ်းနိတုံးပေါ်၌ ဂျင်းတက်တစ်ခုအား တွေ့လိုက်ရသည်။သူမက ချက်ချင်း  တစ်ခုခုကို တွေးမိလိုက်ပြီး 

''ဟုတ်ပြီ  ဂျင်းတက်က လကောင်းတဲ့ အရာတစ်ခုပဲ''

သူမက ချက်ချင်း ချင်းတက်ကို ဆေးကြောကာ ရေချိုးဇလုံထဲထည့်လိုက်သည်။ထို့နောက် အရည်ထွက်လာအောင် ထုရိုက်လိုက်သည်။သို့သော်လည်း  ၄င်းက ချေရတာ  ခက်ခဲသည့်အပြင်  သူမခန္ဓာကိုယ်၏  ယခုအချိန် သန်မာမှုအရ  အသုံးမဝင်ဖြစ်နေသည်။
ခဏ အကြာ မှာဘဲ  သူမလက်မောင်းက  နာကျင်လာခဲ့သည်။

''မင်းလုပ်နေတာလဲ''  ဟော်လီက  မေးလိုက်သည်။

လင်းရှောင်ယဲ့က မျက်ခုံးပင့်လိုက်ပြီး  ဟော်လီဝင်လာတာကို ကြည့်လိုကါပြီး  သူမက ချက်ချင်း  သူ့လက်ထဲရှိပစ္စည်းများကို ကြည့်လိုက်သည်။

''ရှင်က  အရမ်းသန်မာတာပဲ။ဒီကိုလာပြီး   ဒီဂျင်းတက်ကို  အရည်ထွက်တဲ့အထိ ကြိတ်ချေပေးပါအုံး''

လယ်သမား၏ အလိုလိုက်အကြိုက်ဆောင်ခံရသော ချစ်ဇနီးWhere stories live. Discover now