ဒုတိယ

7 1 0
                                    

              ကျွန်တော်တို့ရွာကို ကျောင်းဆရာအသစ်တယောက်ပြောင်းလာခဲ့တယ်။မှတ်မှတ်ရရဆိုလို့ သူကအရမ်းလှတယ်ဆိုတာဘဲ။သူကကျွန့်တော်မှတ်ဉာဏ်ထဲမှာ သူကအရမ်းကို ကျွန့်တော်ကိုဂရုစိုက်တယ် ပြီတော့ချစ်တယ်ကျွန်တော့်ကိုလား သူ့ကိုသူလား ဒါမှမဟုတ် ဒုတိယမြောက်လူကိုလား လားပေါင်းများစွာကကျွန့်တော့်မှတ်ဉာဏ်ထဲရှိနေတယ်။

သူစရောက်တဲ့နေ့....မိုးတွေအရမ်းရွာနေခဲ့တယ် သူ့ကိုသွားကြိုခဲ့တာကကျွန်တော်ပါ။တလမ်းလုံးမှာ သူ့ကိုဘုကန့်လန့်ပြောနေခဲ့တာ ပြီးတော့သူ့ခါးကိုတက်းတင်းကြပ်ကြပ်ဖက်ထားခဲ့တယ် ကျွန့်တော်ဘဝမှာသူ့များနောက်ကပထမဆုံးစီးဖူးခဲ့တာ။အိမ်ပြန်ရောက်တော့ သူကိုအဖေကတရိုတသေဆက်ဆံတော့တာဘဲ ရေပူတည်ပေးရတာနဲ့ဆေးပေးရတာနဲ့အလုပ်ကိုရှုပ်နေတော့တာ။သူကကျွန့်တော့အခန်းမှာအိပ်တယ် ကျွန်တော်ကဘုရားခန်းမှာအိပ်တယ် ညကျတော့ကျွန်တော်ကယောင်ပြီကို့ပိုင်အခန်းကိုသွားအိမပ်မိတေ မိုးလင်းလို့နိုးလားတော့ သူ့ရင်ခွင်ထဲမှာ သူကတော့ဖျားနေခဲ့တယ် ပြီတော့ ငိုနေခဲ့တယ်။
တစုံတယောက်ကိုအရမ်းသတိရနေတဲ့သူအသံက ကျွန်တော့ကို တုန်လှုပ်စေခဲ့တယ်။ပြောရရင်ကျွန်တော်အဲအချိန်တွေထဲကပင်သူ့ကို သဝန်တွေတိုနေပြီ မနာလိုမှုကိုစတင်ခံစားမိနေခဲ့တယ် သတိမထားမိခဲ့ရုံ။
ကျွန်တော်တိုအမှတ်တရတွေအများကြီးဖြတ်သန်းခဲ့ကြတယ် ဥပမာ သက်ြန်တို့ ဝါကျွတ်၊တန်ဆောင်မုန်းပွဲတို့ ရွာရဲ့အလှူပွဲ့တိုကိုအတူတကွဖြတ်သန်းခဲ့ကြတယ်။မှတ်မှတ်ရရ ကိုကြီးထွန်းတို့မဂ်လာပွဲမှာ အကို့တို့ကိုအားကျတယ်ဗျာဆိုပြီ အပြန်လမ်းမှာကျွန်တော်ကို မူးပြီနမ်းခဲ့တယ်။မနက်လင်းတော့ သူကမမှတ်မိဘူးတဲ့လေ ကျွန်တော်ကငိုတော့ သူကကျွန်တော့ကိုတာဝန်ယူပါရစေတဲ့ ဘာလို့လဲဆို သူနမ်းမိလို့တဲ့လေ ကျွန်တော်ကလည်းပြန်ပြောလိုက်တေ ဘောဘဲလို့။သူကြောင့်ကျွန်တောရိုင်းခဲ့ရတေလေ။
တရက်သူမြို့ကိုပြန်သွားတော့ ကျွန်တော်လွမ်းနေပြန်တယ် ပြီတော့ကျွန်တော်စိုးရိမ်မိတယ်။ သူရဲ့အဆက်ဟောင်းနဲ့အဆင်ပြေသွားမှာမှာကို သူကပြန်လာရင်ကျွန်တော့်အတွက်လိုမယ်ထင်တာတို့ဘာညာကွိကွတိုမကုန်ဝယ်ခဲ့တယ်။ပြီရင် စကားတခွန်းအမြဲပြောလေ့ရှိတယ် မင်းကို ကိုအရမ်းချစ်တယ် ဒါကြောင့်ကို့ကို စိတ်ချပါတဲ့ ...ကြည်နူးမှုတွေပေါ့ သူနဲ့ကျွန်တော်ရဲ့။
နောက်နှစ် သူမြို့သွားပြီးပြန်လားတော့ သူအရမ်းပိန်သွားတယ် ပြီးတော့စကားတခွန်ပိုလာခဲ့တယ် မင်းကိုမေ့သွားမှာကြောက်တယ်တဲ့ အရမ်းဘဲကြောက်တယ်တဲ့ အဲကတည်းကကျွန်တော်သိလိုက်ရမှာ သူကျွန်တော့်ကိုမချစ်ခဲ့ဘူးဆိုတာကိုပေါ့ ကျွန်တော်အရမ်းတုံးခဲ့တယ် အတုအယောင်ဖန်းဆင်းထားတဲ့အချစ်ထဲမှာ သာယာနေခဲ့တယ်။
လတွေကြာညောင်းလာခဲ့တယ် ပန်းတွေခြောက်သွေ့သွားခဲ့တယ် သူ့ကို ကျွန်တော်မပိုင်တော့သလိုဘဲ ဆောရီး သူ့ကိုကျွန်တော်ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့ဘူးတာ။
   မှတ်မှတ်ရရမိုးတွေအရမ်းရွာတဲ့နေ့တနေ့
သူကျွန်တော်ကို လမ်းခွဲစကားပြောလာခဲ့တယ်
လမ်းခွဲစကားတော့မဟုတ်ပါဘူးလို့ ကျွန်တော်ထင်ခဲ့ဖူးတယ် သူကျွန်တော့ကိုပြောမှာမဟုတ်လို့ ကျွန်တော်ထင်ခဲ့ဖူးတယ် အရမ်းဝမ်းနည်းစရာကောင်းတာဘဲ သူပြောတဲ့စကားကဗျာ မင်းကအရမ်းတုံးတာဘဲတဲ့ စိတ်ပျက်ဖို့အရမ်းကောင်းတာဘဲတဲ့ ပြီတာ့သူရဲ့အဆက်ဟောင်းရဲ့လက်ကိုကိုင်ပြီ သူနဲ့ငါက လက်ထပ်တော့မှာတဲ့ ပြီရင်မင်းကိုနှုတ်မဆက်ချင်ဘူးတဲ့ သံသရာတစ်ကွေ့မှာလည်းပြန်မတွေ့ချင်ဘူးပြောရင်တသက်လုံးမင်းကိုမတွေ့ချင်ဘူးတဲ့ မင်းနဲ့အတူလေကိုတောင်အတူမရှုချင်တာတဲ့လေ မင်ရှိတဲ့အရပ်ကအရမ်းမွန်းကြပ်တယ်တဲ့လေ ဟားဟား ကျွန်တော်သူ့စကားကိုနားထောင်နေတဲ့တလျာက်လုံးအသက်ဝိညာဉ်ပျောက်ဆုံးနေတဲ့လူ မဟုတ်ဘူး ဆိုပြီရင်ထဲကကြိတ်ပြောနေခဲ့တာ ဒါပေမဲ့ သစ်ရွက်တွေကကြွေတယ်လေ အချိန်တန်တော့ကျွန်တော်နားလည်းခဲ့တယ်ဗျာ။
ကျွန်တော်ပြောဖူးသလိုပေါ့ သူ့ကိုကျွန်တော်အရမ်းချစ်တယ်
အရမ်းလွမ်းတယ် ပြီရင် အရမ်းသဝန်တိုတတ်တေ ဒါကြောင့် သူတို့ရှိနေတဲ့မြို့ကြုကျွန်တော်ခြေဦးတောင်မလှည့်ခဲ့ဘူး သူကိုအရမ်း.....ချစ်ခဲ့တယ်အရမ်းမုန်းတယ် ခုထိမုန်းတုန်းဘဲ
......
   ကျွန်တော်အသက်က ခုဆို၄၀ရှိပြီ။
ဟော ခဏလေးနဲ့ အသက်၆၀ရှိနေပြန်ပြီ
ခု ကျွန်တော်ရဲ့ရွာကိုနှုတ်ဆက်ရတော့မယ်လို့ခံစားနေရတယ်။ဒီကာတလျောက်လုံးမှာကျွန်တော် လုံးဝအထီးမကျန်ခဲ့ဘူးဆိုရင် ခင်များတွိ့ယုံးမ့လားမသိဘူး တကယ်ပြောတာဗျ။ဘယ်အချိန်ကစခဲ့မှန်းမသိပေနဲ့ ကျွန်တော်နားမှာ တယောက်ယောက်ရှိနေခဲ့တယ် ကျွန်တော်ရွာကိုနှုတ်ဆက်တဲ့အချိန်ထိ သူကကျွန်တော်လက်ကိုကိုင်ထားခဲ့တယ်  ဘယ်တော့မှာလက်မလွှတ်ဘူးဆိုတဲ့ ခံစားချက်ကိုပေးတယ်
လုံခြုံမှုကိုပေးတဲ့လက်ကိုကျွန်တော်လည်း လက်မလွှတ်ခဲ့ပါဘူး။
၎င်းလက်ပိုင်ရှင်ကိုကျွန်တော် နောက်ဆုံးတော့မြင်ခဲ့ရပြီးလေ ကျွန်တော်မထင်မှတ်ထားတဲ့သူဖြစ်နေတော့ ကျွန်တော်အံသြခဲ့ရသေးတယ် ပြီတော့ကျွန်တော်တိုးတိုးလေးသူ့ကိုပြောခဲ့တယ် ကျွန်တော်အရမ်းပြောချင်နေခဲ့တဲ့စကားတခွန်းကို  နောက်ဆုံးတော့ပြောခဲ့ရပြီလေ ချစ်တယ် ခင်များကို အရမ်းရမ်းချစ်တယ်။

You've reached the end of published parts.

⏰ Last updated: Jan 27, 2023 ⏰

Add this story to your Library to get notified about new parts!

ခဏတာWhere stories live. Discover now