Zawgyi VersionYou're the apple of my eye
ပါရီမှာ ရွာသွန်းတဲ့မိုးရေပဲဖြစ်ဖြစ်၊
ဆိုးလ်မှာရွာတဲ့ မိုးဖြစ်ဖြစ်၊
အီတလီမှာသက်ဆင်းတဲ့မိုးရေဖြစ်ဖြစ်ပေါ့၊
ရွာချတဲ့ပမာဏချင်းမတူနိုင်ပေမဲ့ မိုးရေကတော့ မိုးရေပါပဲ။
အဲ့လိုပါပဲ သူ့မေတ္တာတွေကလည်း ထိုသူနှင့်သူ ဝေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊
အချိန်ကာလယန္တရားရွေ့လျားသွားရင်တောင်
ပုံသေကိန်းချထားတဲ့ ရပ်ဝန်းတွေထဲမှာ ထိန်းသိမ်းထားတာဟာ အဆုံးအစမဲ့လျက်ပင်။~
အနည်းငယ်မှောင်ပိန်းနေသည့်အခန်းထဲက အသက်ရှူသံခပ်မျဉ်းမျဉ်းဟာ လွန်ခဲ့တဲ့ နှစ်များစွာက ခိုအောင်းခဲ့တဲ့ စာအံသံမဟုတ်တော့ သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေသော်ငြားနှစ်ခြိုက်ခြင်းကိုဖယ်ခွာစေသည်။ဂျယ်ယွန်း ဝေဝါးဝါးမျက်မှန်ကို အဝတ်ဖြင့်သေချာ သုတ်သင်မိလိုက်ရင်း လစ်ဟာနေသော အခန်းကိုအကြည့်တို့ဝေ့စေရုံသာငေးမိ၏။
မနက်ဖြန်ဆိုလျှင်ထိုသူမပါဝင်မည့် ဆောင်းရာသီကားဘယ်နှစ်ကြိမ်မြောက်များပါလဲ။
သူ့နားကနေ အသိမပေးဘဲထွက်သွားခဲ့ခြင်းဟာ ဤမျှထိဝမ်းနည်းစရာကောင်းမှန်းသူမသိခဲ့ပါ။သက်ပြင်းငွေ့ငွေ့ချရင်း လက်နှိပ်စက်စီသို့ ဝှီးချဲဖြင့်အားစိုက်လျက် တွန်း၍သွားမိသည်။ဖုန်အနည်းငယ်မျှပေနေသော လက်နှိပ်စက်ကိုသံယောဇဉ်တွယ်စွာဖြင့် နက်နက်ရှိုင်းရှိုင်းကြည့်မိတော့ သူ့အတွက် မေတ္တာတွေဟာ ယိုဖိတ်စီးခဲ့သယောင်ပါပဲ။
လက်နှိပ်စက်၏ထောင့်စွန်းဖျားလေးက ခပ်နက်နက်ထွင်းထားသော အမည်နာမသေးသေးလေးကိုလက်ဖြင့် ပွတ်တိုက်မိတော့ နှလုံးသည်းခြေတို့ကား လွမ်းစိတ်ကိုပိုတိုးစေလျက်ပင်။
"ပါပါး ထမင်းစားရအောင်လေ "
ဂျယ်ယွန်းမျက်ရည်တွေဝေ့တက်လာသည့်တစ်ခဏ လေပြေနှင့်အတူ နွေးထွေးသွားသော သူ့ဝန်းကျင်။၈နှစ်အရွယ် သမီးလေး ယောန်ရီက သူ့နားကို ကပ်ကာ လက်မောင်းကိုဆွဲရင်း ညိုမြမြမျက်ဝန်းကြီးများဖြင့် ကြည့်ရင်း ခေါ်လေ၏။
YOU ARE READING
You're The Apple Of My Eye
FanfictionThis book is available with both Unicode and Zawgyi Versions. Pls read at your own risk.