"ကလင်"
"မင်္ဂလာပါ cup cafe မှကြိုဆိုပါသည်"
ရင်းနှီးနေသည့် ထိုအသံ
အသံလာရာအား တံခါးဖွင့်ရင်းမှမော့ကြည့်မိသည့်အခါ....(ကိုကို အိမ်မက်က ကိုယ်ပိုင် coffeeဆိုင်လေးဖွင့်ချင်တာ)
အတိတ်က အသံပုံရိပ်တစ်ခုနှုင့် ထပ်တူကျနေသောထိုအမျိုးသား....
သူမ~
ချစ်ခြင်းမေတ္တာကို အပြည့်အဝပိုင်ဆိုင်ရမည့်အခွင့်အရေးရှိကိုရှိခဲ့သည့်သူမ
(သဲငယ်က ဟောဒီဆံပင်တွေကို ကိုကိုမညှပ်ခိုင်းတဲ့ထိမညှပ်ဘူး)
သေချာတာပေါ့ လက်ရှိသူမ သည်မည်သူ့အပိုင်ဆိုသည်မှာ
ကျွန်တော်မသိ တံခါးဆွဲဖွင့်လာသည့်သူမသည်
ခါးထိဖြောင့်ဆင်းသေသပ်နေသည့်ဆံပင်တွေနှုင့်အတူ။တစ်ယောက်မျက်လုံးတစ်ယောက်စုံကြည့်ရင်း..
(flash back)
"သဲငယ်.."
"ရှင်.."
"ကိုကို တို့ မဝေးကြဘူးမလား..."
မထူးဆန်းပါ ထိုအမျိုးသားငယ်လေးသည် မကြာခန မေးလေ့ရှိသည့် ထိုမေးခွန်းလေး။
"မဝေးပါဘူး ငယ်တို့ အများကြီးတော့ကြိုးစားဖို့လိုတယ်လေ မဟုတ်ဘူးလား"
"ဟုတ်တာပေါ့ နှစ်ယောက်လုံးရင်ဆိုင်ဖို့လိုတာပေါ့ ငယ်က ကိုကိုနဲ့အတူ ရပ်တည်ပေးရမယ်နော်"
"ဒါပေါ့ ဘာအခက်အခဲရှိရှိ ငယ် က ရှိနေပေးမှာ ဟုတ်ပြီလား"
"ဟုတ်ပါပီဗျာ"
သိပ်ကြောက်မိတာပေါ့ မလိမ်တန်းဆို အများနှုင့် နှစ်ယောက်ဖြစ်ဖြစ်တဲ့အခါ
အသက်အရွယ် ငယ်လွန်းတဲ့ ကိုယ်တွေနှစ်ယောက်အတွက်အများကြီးခက်ခဲတာပေါ့
ဒါမဲ့လည်း နှစ်ယောက်လုံးမျှော်လင့်ချက်နဲ့ရပ်တည်နေသည်မလားပြိုလဲပြ၍အားလုံးဝမရ..သူမ ..သူမ အရမ်းပင်ပန်းနေတာ ကျွန်တော်သိတယ်
ဒါမဲ့ သူမထုတ်မပြဘူး သူမခံနိုင်ရည်ကိုအဆုံးထိထားထားသည်မှာအထင်သား
ကျွန်တော့်ရှေ့မှမားမားမတ်မတ်ရပ်တည်နေပုံမှာ မြတ်နိုးဖွယ်အတိ..