ချစ်ခြင်းရဲ့အစ(သို့)အမုန်းဒိုင်ယာရီ

2.6K 130 3
                                    

ဂျိန်းးးး ဂျိန်းးးး ဂျိန်းးး
မိုးတွေရွာနေသောနေ့တနေ့မှာကောင်လေးတယောက်တောင်ကုန်းလေးပေါ်မှာဒူးထောက်ပြီးထိုင်နေလေသည်
သူ့ဘေးမှာတော့အုတ်ဂူဖြူဖြူလေးတခု
အဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ကလဲဓာတ်လိုက်ထားတဲ့သူလိုတဆတ်ဆတ်တုန်ရီလို့
သူ့ရဲ့နှုတ်ခမ်းပါးတွေကလည်းလှုပ်ရှားပြီးစကားတွေပြောနေသည် အဲ့ကောင်လေးကဘယ်သူလဲ ဘယ်ကလာတာလဲ သူဘာကြောင့်ငိုနေရတာလဲ
ထိုစဉ်ကောင်လေးကသူ့လွယ်အိတ်ထဲကဒိုင်ယာရီစာအုပ်နီညိုရောင်လေးကိုဆွဲထုတ်လိုက်ပြီးသေချာစိုက်ကြည့်လိုက်သည်
ထို့နောက်သူ့မျက်နှာကိုအပေါ်မော့ပြီးအော်ပြောလိုက်တဲ့စကားက
   'haung အဖိုးကြီး ခင်ဗျားကြီးကိုမကျေနပ်ဘူး ခင်ဗျားကြောင့်ငါ့Appaသေရတာ ခင်ဗျားကြီးကိုသတ်မယ် Appa Apaa ဟင့် ဘာလို့ကျွန်တော့်ကိုAppaနဲ့တူတူမခေါ်သွားတာလဲ အခုAppaမရှိတဲ့ဘဝမှာကျွန်တော်ဘယ်လိုအသက်ရှင်မလဲ စိတ်ချပါAppa Appaကိုရက်ရက်စက်စက်သတ်ခဲ့တဲ့အဲ့ဒီ့Haung Laung Suu(ဟွမ်းလောင်စူး)ဆိုတဲ့အဖိုးကြီးကိုကျွန်တော်လက်စားပြန်ချေပြမယ်'
ထိုကောင်လေးမှာအားရအောင်အော်ပြီးမှမောသွားသည့်အလားခေါင်းကိုပြန်အောက်စိုက်ပြီးဟောဟဲလိုက်နေလေသည်
boy pro::: ( ကျွန်တော့်နာမည်kris wu yi fanပါ လူတွေကတော့ပြောကြတယ် ကျွန်တော့်Appaကကုမ္ပဏီပိုင်ရှင်တဲ့ ကျွန်တော်အဲ့အကြောင်းAppaကိုသိချင်လို့မေးရင်Appaရဲ့မျက်နှာကသိသိသာသာပျက်သွားတတ်တယ် Appaမကြိုက်မှန်းကျွန်တော်သိလိုက်တယ်လေ ကျွန်တော်အဲ့ဒီ့အကြောင်းကိုAppaရှေ့မှာနောက်ထပ်စကားပြန်မစတော့သလိုသိလည်းမသိချင်ပါဘူး စိတ်ဝင်စားမှုလည်းမရှိဘူး တစ်နေ့တော့Appaကမြို့ကိုကိစ္စရှိလို့သွားရမယ်တဲ့ Appaထွက်သွားတယ် တစ်နာရီလောက်ကြာတော့ကျွန်တော့ဖုန်းလေးအသံမြည်လာတယ် ကြားလိုက်ရတဲ့အသံကသူစိမ်းတယောက်ရဲ့အသံ ပြောလိုက်တဲ့စကားကတော့သူ့ကိုသွေးပျက်ခြောက်ခြားစေခဲ့ပါတယ် Appa Appaကားတိုက်ခံရလို့တဲ့ ကျွန်တော်လက်ထဲကဖုန်းတောင်လွတ်ကျသွားတယ် ကျွန်တော့ဘာမှမသိတော့ ဘာမှလည်းမစဉ်းစားမိတော့ အခုအချိန်မှာကျွန်တော့်ရဲ့ေ့ခြထောက်တွေကသာကျွန်တော့်ရဲ့အရှင်အသင်ဖြစ်နေပါပြီ
ဦးနှောက်ကတောင်စေခိုင်းချက်မထုတ်လိုက်ရ ခြေထောက်တွေကအိမ်အပြင်ဘက်ကိုလှမ်းပြီးသားဖြစ်နေသည် ကျွန်တော့ခြေထောက်လေးကဖိနပ်မပါ ခြေဗလာနဲ့ လမ်းမပေါ်မှာပြေးနေသည် ခြေထောက်လေးကလည်းသွေးတွေစို့နေသည် ကျွန်တော်နာကျင်မှုကိုဂရုမစိုက် ခြေထောက်တွေကိုသာအရှိန်မြှင့်လိုက်သည် ခြေထောက်ကမြေကြီးနဲ့တောင်မထိချင်တော့ ဒါကိုတောင်ကျွန်တော်ကနှေးသေးသည်ဟုထင်နေမိသည်
ဟော ကျွန်တော်တွေ့ပြီထင်သည် လူတွေအများကြီးတနေရာထဲမှာစုရုံးပြီးတခုခုကိုကြည့်နေကြသည် ထိုလူအုပ်ထဲမှကျွန်တော်ကြားလိုက်ရတဲ့Appaရဲ့စကားသံတစွန်းတစက'
ခနလေးပါဗျာ ကျွန်တော်ဆေးရုံမသွားသေးဘူး ကျွန်တော့သားလာဦးမယ် ကျွန်တော်စောင့်ဦးမယ် တဲ့
ကျွန်တော်ပျော်သွားတာပေါ့ လူအုပ်ထဲကိုတိုးဝင်ပြီးAppaဆီသွားလိုက်သည် Appaကကျွန်တော့်ကိုတွေ့တော့
kris သားလေး ဒီနားလာတဲ့
ကျွန်တော်အနားတိုးသွားလိုက်သည် Appaကသူ့အိပ်ကပ်ထဲကတခုခုကိုထုတ်ပြီးကျွန်တော့လက်ထဲထည့်လိုက်သည် ကျွန်တော်ကြည့်လိုက်တော့ ဘဏ်စာအုပ်လေး အထဲကငွေamountကိုကြည့်တော့ကျွန်တော်မျက်လုံးပြူးသွားသည် များလိုက်တဲ့ပိုက်ဆံတွေ
Appaကကျွန်တော့လက်ကိုကိုင်ပြီးkrisလေးဒီပိုက်ဆံတွေနဲ့ကောင်းကောင်းနေနော်တဲ့
Apaaဒီလိုပြောပြီးတော့နောက်ထပ်စကားသံထွက်မလာ ကျွန်တော့်ကိုကိုင်ထားတဲ့Appaလက်တွေမြေပေါ်ကိုပြုတ်ကျသွားသည် ကျွန်တော်ကျုံးအော်လိုက်သည် Appaaaaaaaaaaaaaaaaaaaaaaa
ထို့နောက်ကျွန်တော်ဘာမှမသိတော့
ကျွန်တော်သတိရတော့ဆေးရုံခုတင်ပေါ်မှာလှဲနေလေသည် ဆရာဝန်ကြီးကပြောတယ် Shockရသွားတာပါတဲ့ ရုတ်တရက်Appaအကြောင်းစဉ်းစားပြီးကျွန်တော်ငိုချင်လာသည် Appaကစကားတခွန်းပြောခဲ့ဖူးသည် ယောက်ျားမှန်ရင်မျက်ရည်မကျနဲ့တဲ့ မျက်ရည်တွေကိုပွတ်ပြစ်ပြီးကျွန်တော်အိမ်ပြန်ခဲ့သည် အိမ်ရောက်တော့တခါးဝမှာမတ်တတ်ရပ်နေတဲ့မိထွေးကိုတွေ့လိုက်သည် ဟုတ်ပါတယ် Appaကနောက်မိန်းမယူထားတာလေ
မိထွေးကကျွန်တော့ကိုတချက်ကြည့်ပြီးပြောလိုက်တဲ့စကားနားထဲမှာသံရည်ပူတွေလောင်းချလိုက်သလို
နင့်Appaသေပြီ နင်လဲဒီအိမ်မှာနေစရာမလိုတော့ဘူး သွားတော့တဲ့ ကျွန်တော်လည်းသူနဲ့အဝေးဆုံးကိုထွက်သွားလိုက်ပါတယ် ကျွန်တော်လည်းဘယ်သွားရမှန်းမသိတာနဲ့bubble teaဆိုင်လေးတဆိုင်ထဲဝင်ထိုင်လိုက်သည်
ထိုအချိန်မှာကျွန်တော့ခြေထောက်နားကိုပြုတ်ကလာသောအရာတခု ကျွန်တော်ငုံ့ကြည့်လိုက်တော့ ပိုက်ဆံအိတ်လေးတစ်အိတ်  ခုနကကျွန်တော့်ရှေ့ကဖြတ်သွားတဲ့သူကျကျန်ခဲ့တာဖြစ်မည် ကျွန်တော်နောက်ကလိုက်ပေးတော့သူကကျေးဇူးတင်ပါတယ်တဲ့ အကူအညီလိုရင်ဆက်သွယ်ပါဆိုပြီးသူ့ပိုက်ဆံအိတ်ထဲကကတပြားလေးတကတ်ထုတ်ပြီးကျွန်တော့ကိုပေးသွားသည်
ကြည့်လိုက်တော့Haung Laung Suu
EXODUSကုမ္ပဏီဥက္ကဌတဲ့
ကျွန်တော်ခုနကခုံလေးကိုပြန်သွားတော့တခုခုကိုနင်းမိသည် အောက်ကိုကြည့်လိုက်တော့ဒိုင်ယာရီစာအုပ်လေး ခုနကMr.haungကျန်ခဲ့တာဖြစ်မည် သူလည်းမမြင်လိုက်မိ ကျွန်တော်အထဲမှာဘာရှိလဲသိချင်လာသည် မလုပ်ကောင်းမှန်းသိပေမယ့်လဲကျွန်တော်ဖတ်ချင်တာကြောင့်စာအုပ်ကိုနောက်ဆုံးလောက်ကလှန်ပြီးဖတ်ကြည့်တော့ရေးထားတာတွေက
          ငါဒီနေ့Mario Wu Xingကိုသတ်လိုက်တယ် သူ့ကိုငါကားနဲ့တိုက်သတ်ခဲ့တာတဲ့

Mario wu xing?? ဒီနာမည်ကျွန်တော်နဲ့အတော်ရင်းနှီးနေသည်
mario... ဟာ ဒါကျွန်တော့Appaနာမည်ပဲ
ဒါဆိုခုနကMr.haunfကကျွန်တော့အဖေကိုသတ်တဲ့သူပေါ့ တောက် ကိုယ့်ရန်သူကအရှေ့မှာရှိရက်နဲ့မသိခဲ့ဘူးကွာ
Kris Wu Yi Fanမင်းတော်တော်ညံ့တာပဲ ကျွန်တော့ကိုယ့်ကိုကိုယ်အပြစ်တင်မိသည်
ဒါကြောင့်လည်းဒီနေ့Appaရဲ့အုတ်ဂူကိုလာပြီးသောင်းကျန်းနေတာပေါ့''
Kris: Appa Appaသေတာတစ်ပတ်တောင်မပြည့်သေးဘူး  ကျွန်တော်Appaကိုအရမ်းသတိရတယ် ကျွန်တော်အခုAppaကိုသတ်တဲ့သူကိုလက်စားသွားခြေတော့မယ် ကိစ္စတွေပြီးရင်ကျွန်တော်ပြန်လာပါ့မယ်
    krisတယောက်သူ့Appaရဲ့အုတ်ဂူရှေ့ကထွက်လာသည် သူအခုsoeulကိုသွားရမည်
soeulရောက်မှhanugအဖိုးကြီးကိုလက်စားချေဖို့စဉ်းစားရမည် krisအတွေးများစွာနဲ့လမ်းလျှောက်နေတုန်းကားဟွန်းသံတချက်ကြားလိုက်ရသည်
သူ့ကိုယ်သူကြည့်လိုက်တော့ကားလမ်းမပေါ်မှာ တဖက်ကကားကအရှိန်ပြင်းစွာနဲ့သူ့အရှေ့တည့်တည့်ကိုမောင်းလာသည် krisကြောင်ကြည့်နေမိသည် ဘာလုပ်ရမလဲမသိ Appaဖြစ်ခဲ့တဲ့အဖြစ်ဆိုးကိုသာမြင်နေမိသည်
ကားကသူနဲ့အရမ်းကိုနီးလာတော့မှာkrisကြောက်လန့်ပြီးမျက်လုံးကိုမှိတ်လိုက်သည်
ကားကြီးကတော့သူ့ဆီကိုအရှိန်ပြင်းစွာလာလျက်

ဘယ်လိုလဲ မကောင်းဘူးနော် ပျင်းသွားတယ်မလား krisအကြောင်းကြီးပဲဆိုတော့ iကအခုမှficစရေးတဲ့authorအသစ်စက်စက်လေးမို့သိမ်မရေးတတ်သေးလို့ပါ နောက်တပိုင်းကျရင်taoကိုထည့်ပေးပါ့မယ်
အခုတော့မကောင်းလဲသည်းခံပြီးဖတ်ပေးကြပါလို့ အထူးတောင်းပန်ပါတယ်
really sorry
90* bow#############

ဟန်ဆောင်နှလုံးသားWhere stories live. Discover now