အမုန်းတို့လွှမ်းသောအပြုံး

1.5K 114 1
                                    

krispro:: (ကျွန်တော်သေပြီထင်တယ် ကျွန်တော့်ကိုယ်ကဘာနာကျင်မှုမှမခံစားရဘူး
လူတယောက်ကကျွန်တော့်ကိုစကားပြောနေသလိုပဲ ကျွန်တော်မျက်လုံးမဖွင့်ရဲဘူး အရမ်းကြောက်နေတယ်)
ထိုစဉ်သူ့ပခုံးကိုလာ၍ဆုပ်ကိုင်သောနွေးထွေးသည့်လက်တစုံကြောင့်မျက်လုံးကိုဖွင့်လိုက်လေသည်
Kris pro::(ကျွန်တော်တကယ်သေပြီထင်ပါတယ်ကျွန်တော့်ရှေ့မှာhaungအဖိုးကြီးကိုတွေ့နေရတယ်
Mr.haung: ဟေ့ ကောင်လေး အဆင်ပြေလား ထိခိုက်မိသေးလား
Kris: ဟာ သူငါ့ကိုစကားပြောနေတယ် ဒါဆိုအခုဖြစ်နေတာကအိမ်မက်မဟုတ်ဘူးပေါ့
Mr.haug: ဟေ့ ဘာတွေပြောနေတာလဲ ဘာအိမ်မက်လဲ အကြောက်လွန်ပြီးခေါင်းထိသွားတာတော့မဟုတ်ပါဘူးနော်
Kris: ဒါဘယ်နေရာလဲ အခုဘာဖြစ်နေတာလဲ
Mr.haung: ငါကအလုပ်ကိစ္စနဲ့သွားစရာရှိလို့ဒီလမ်းကဖြတ်တာ ရုတ်တရက်မင်းကလမ်းပေါ်မှာပေါ်လာတယ်လေ ငါဟွန်းတီးတာကိုလည်းမကြားဘူး ဘာတွေဆွေးပြီးငေးနေတာလဲ ငါဘရိတ်ကိုအမြန်ညှစ်လိုက်လို့မင်းသက်သာတာ မဟုတ်ရင်တော့ကွာ
Kris pro::( သြော် ဟုတ်သားပဲ ငါလဲစိတ်နဲ့လူနဲ့မကပ်တော့ဘူး ကံတရားကလည်းတိုက်ဆိုင်လိုက်တာကွာ သားအဖနှစ်ယောက်လုံးသူ့ကားနဲ့တိုက်ခံရပြီးသေမဲ့အဖြစ်)
Kris: ကျွန်တော်လမ်းကိုသေချာမကြည့်မိတဲ့အပြစ်ပါ တောင်းပန်ပါတယ်
Mr.haung:ရပါတယ် မင်းလည်းတော်တော်လန့်သွားမှာပဲ မင်းအခုဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ်လေ
Kris: မသိပါဘူး ကျွန်တော်ဘယ်သွားရမှန်းလဲမသိဘူး မိသားစုလည်းမရှိဘူး
Kris pro::(အဲ့ဒါခင်ဗျားကြီးကြောင့် ခင်ဗျားကြီးကိုလက်စားချေမယ)်
Mr.haung: မင်းဘဝကသနားစရာပဲကွာ ဒီလိုလုပ်ပါလား ငါ့အိမ်မှာလိုက်နေလေ ငါ့သမီးကအကိုတယောက်အရမ်းလိုချင်နေတာ မင်းတို့တွေ့ရင်သူတော်တော်ဝမ်းသာမှာပဲ
Kris: ဗျာ တကယ်လား ကျေးဇူးတင်ပါတယ်ဗျာ
Kris pro::( ဟား ကျေးဇူးတင်လိုက်တာမိုးနတ်မင်းကြီးရယ် အခုကျွန်တော်သူ့ကိုလက်စားချေနိုင်တော့မယ်)
Mr.haung: လာ ကားပေါ်တက် သွားမယ်
Kris: nae
Mr.haung: မင်းနာမည်ဘယ်လိုခေါ်လဲ
Kris: kri......အဲ
Kris pro::(ဟူး krisသတိထားစမ်းပါ နာမည်အရင်းကိုမပြောနဲ့ မင်းသာWuမျိုးနွယ်ဆိုတာကိုသူသိလို့ကတော့မင်းရဲ့အိမ်မက်တွေရေစုန်မျောမှာ)
Kris: ကျွန်တော့နာမည် Yi Fanပါ အသက်ကနှစ်ဆယ်ပါ
Mr.haug: ငါ့နာမည်ကိုတော့မင်းသိပါတယ်နော်
Kris: nae ဟိုတစ်ခါbubble teaဆိုင်မှာတွေ့ဖူးပါတုန်းကပြောဖူးပါတယ်
Mr.haug: မဆိုးဘူး မင်းကမှတ်ဥာဏ်ကောင်းသားပဲ ငါ့မှာမိန်းမနဲ့သမီးတယောက်ရှိတယ် ငါ့မိန်းမနာမည်ကzaung yaung fong
သမီးလေးကHaung zitaoတဲ့
အခုမှဆယ့်ခြောက်ပဲရှိသေးတယ်လေ အရမ်းချစ်ဖို့ကောင်းတာ
Kris: nae
တနာရီခန့်ကြာတော့Mr.haungကကားလေးကိုအိမ်တအိမ်ရှေ့မှာရပ်လိုက်သည်
Kris pro::( wow daebak ကြီးလိုက်တဲ့အိမ် ဒီလိုအိမ်မျိုးအခုမှမြင်ဖူးတယ် ဒါငါနေရမယ့်အိမ်လား)
တီ.......တီ.........တီ
ကားဟွန်းသံလည်းဆုံးရောခြံတံခါးကအလိုလိုပွင့်သွားသည်
ကျွီ........... ခြံထဲမှာကားလေးကိုသေချာရပ်ထားလိုက်သည
Mr.haung: ကဲ yifan ya ရောက်ပြီ ဆင်းတော့
Kris nae Mr.haung
Mr.haung: အဲ့လိုမခေါ်စမ်းပါနဲ့ကွာ ပေါ့ပေါ့ပါးပါးပဲခေါ်ပါ
Kris: nae arju..shii??
Mr.haung: အေး ကောင်းတယ်
Krisမျက်လုံးတွေတအိမ်လုံးကိုလှည့်ကြည့်မိသွားသည် ရုပ်ရှင်တွေထဲမှာသာတွေ့ဖူးတဲ့သူဌေးတွေနေတဲ့အိမ် ဒီအိမ်ရော ဒီအိမ်ကပစ္စည်းတွေရောမကြာခင်သူပိုင်ဆိုင်ရတော့မယ်လို့စဉ်းစားလိုက်တော့Krisမဲ့ပြုံးလေးတချက်ပြုံးမိသွားလေသည် ထိုစဉ်

ဟန်ဆောင်နှလုံးသားWhere stories live. Discover now