13💜

118 14 6
                                    

အလုပ်ဆင်းချိန်၌ အဂါးတယောက် ပုကျိနှင့်အတူ အိမ်ပြန်လေပီး ကိုထယ်နဲ့လမ်းခွဲခဲ့တဲ့ အကြောင်းကို ပြောပြလေတော့ ပုကျိသည်

*နောက်ဆုံးတော့ မင်းကိုဦးလေးကြီးပလစ်တာခံလိုက်ပီပေါ့ အဲ့တာကိုမင်းကလိုက်ရှာနေသေးတာလား*

ဆိုကာ‌ေပြာလေတော့ အဂါးသည်

*ဦးအမေကငါနဲ့ သဘောမတူတာနဲ့ပဲ ဦးငါ့ကို လမ်းခွဲလိုက်တယ် ဆိုတာကိုငါမယုံပါဘူး သေချာပေါက်အကြောင်းအရင်းတခုခုရှိရမယ် ငါဦးကိုအကြောင်းအရင်း ရှင်းလင်းအောင်မေးရမယ် *

ဆိုကာပြောပီး ကိုထယ်အားသွားရှာလေ၏။ထိုအခါအဂါးသည် ကိုထယ်အိမ်ရှေ့ကိုရောက်ပီး

*လမ်းခွဲလိုက်ပီကို လက်စွပ်ကိုယူထားလည်း ဘာအသုံးဝင်တော့မှာလည်း ဦးကိုပြန်ပေးမယ် *

ဆိုကာပြောပီး လက်စွပ်ကိုချွတ်ပြ
‌ေလတော့ ကိုထယ်သည်

*လက်စွပ်ကို ပြန်ပေးစရာမလိုပါဘူး လွတ်ပစ်လိုက်တော့ ဒီမှာကြည့်ငါလည်းလွတ်ပစ်လိုက်ပီ *

ဆိုကာပြောပီး သူရဲ့လက်ကို ပြလေတော့ အဂါးသည်

*ဦးအရမ်းလွန်လွန်တယ် *

ဆိုကာပြောလေတော့ ကိုထယ်သည်

*လမ်းခွဲလိုက်ပီကို ယူထားပီးဘာလုပ်မှာလည်း မင်းလည်းလွတ်ပစ်လိုက်ပါတော့ *

ဆိုကာပြောပီး တံခါးပိတ်လေ၏။ ထိုအခါအပြင်မှာရှိတဲ့ အဂါးသည် လက်စွပ်လေးကို မပစ်ဘဲဝမ်းနည်းကာ ကြည့်ရင်း ပြန်ပီးလက်၌စွပ်သလို အိမ်ထဲမှာရှိတဲ့ ကိုထယ်သည်လည်း လည်ပင်းဆွဲထားတဲ့ ကြိုးလေးကို ထုတ်ပီး ကြိူလေးနဲ့အတူ ချိတ်ဆက်ထားသော လက်စွပ်လေးကို ထုတ်ကာ ဝမ်းနည်းကြေကွဲလျှက်ပေါ့။

အဲ့လိုနဲ့နောက်နေ့ ရောက်လေတော့ ကိုထယ်တယောက် ရုံးကထွက်သည်ကို စောင့်ကာ အဂါးတယောက် ချော်လဲချင်ယောင်ဆောင်ရင်း

*အားးအရမ်းနာတာပဲ *

ဆိုကာပြောလေတော့ ကိုထယ်သည်

*မင်းအဲ့လိုကလေးလိုမျိုး လုပ်မနေပါနဲ့
မင်းအဲ့လိုလုပ်တာက ငါ့ကိုပိုပီး ရှုပ်ထွေးစေတယ် *

ဦးနှင့်သူ ( Complete )Where stories live. Discover now