1

199 9 2
                                    

Unicode

အုံ့မှိုင်းနေတဲ့မီးခိုးရောင်တိမ်လိပ်တွေက မကြာခင်ရွာတော့မယ့်မိုးလို ကောင်းကင်ပေါ်မှာပြေး‌နေကြတယ် တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ အေးစိမ့်စိမ့်လေပြေတွေက ကိုယ့်ဆံနွယ်တွေနဲ့အတူလာကစားသေးတာ။

ဒီလိုအေးစက်စက်အခြေအနေတွေကို သဘောကျတယ်...ကွက်တိကိုယ်နဲ့တူနေသလိုမျိုးလေ။

"ဟျောင့် ငကြောင် ဘာကြည့်နေတာလဲ အဲ့ပိုက်ဆံအိတ်ပေးလို့ပြောနေတယ်မလား!"

‌ကျောင်းဆင်းတာတောင် မပြန်နိုင်သေးပဲ ကျောင်းသားတစ်ယောက်ဆီကနေ အုပ်စုလိုက်ပိုက်ဆံညစ်နေတဲ့ တတိယနှစ်ကအနိုင်ကျင့်တတ်တဲ့ကောင်တွေ။

ကျစ် စိတ်ပျက်စရာကောင်းလိုက်တာ .

ကိုယ်မသိချင်ယောင်ဆောင်ပြီးပဲ ဆက်လျှေက်လာလိုက်တယ်။ဂင်မ်ယူနာတို့က ကျောင်းမှာအပေါင်းအသင်းမရှိတဲ့အရူးမ,လို့ နာမည်ကြီးပြီးသားမလား။ ဒါမျိုးတွေသာဝင်ပါမိရင်.. အာ အတွေးနဲ့တင်စိတ်ရှုပ်စရာ။

__

8:32 pm.

"ဒီမှာ ဆိုဂျူထပ်ပေးပါဦး"

"Nae...လာပါပြီ"

ဟူး...ဆိုင်မှာလူကျနေတဲ့အချိန်ကို အမုန်းဆုံးပဲ .

ကိုယ်ဆိုဂျူပုလင်းတွေ,မ,ပြီး စားပွဲနံပါတ်3ဆီကိုပြေးရပြန်တယ်။

အော် unnie...

သူငယ်ချင်းတွေနဲ့ သောက်စားနေတဲ့အစ်မက ကိုယ့်ကိုတစ်ချက်မော့ကြည့်လိုက်ရင်း မျက်ခုံးတွေကိုသိသိသာသာတွန့်ချိုးပစ်တယ်။

"ဆိုဂျူလာပါပြီ အရသာရှိရှိသုံးဆောင်ကြပါ"

သူတို့ဝိုင်းကို ဆိုဂျူတွေချပေးပြီးတာနဲ့ ကိုယ်မသိသလိုဘဲ ထွက်လာခဲ့လိုက်တယ်။

"အသိတွေလား?"

သူ့သူငယ်ချင်းတွေထဲက တစ်ယောက်ကမေးတော့ ကိုယ့်နောက်ကနေခပ်တိုးတိုးကြားလိုက်ရတဲ့ အစ်မအသံက"မသိဘူး"တဲ့လေ။

အဟမ့်...ဂင်မ်ဟာနာ ပီသပါပေတယ်။ အမြဲတမ်းတစ်ဦးတည်းသောသမီးလိုလို၊ သူဌေးမလိုလိုနေတတ်တဲ့သူက ကိုယ့်လိုလူတောမတိုးတဲ့ ညီမတစ်ယောက်ရှိတာကို ရှက်တယ်ထင်ပါရဲ့။

Sea of young love Where stories live. Discover now