:

498 52 7
                                    

[ This is just a fanfiction. So , don't take it seriously. ]



- - - - -

Sometimes Love Just Aint' Enough - Cover By Myoko Manago [ song recommendation ]

- - - - -


လက်ဖဝါးတစ်ဖက်ကို ဖြန့်ထုတ်လိုက်တော့ တပေါက်ပေါက် ကျနေတဲ့ မိုးစက်တွေက လက်ဖဝါးပေါ်ကို ရောက်လာသည်။ လက်ကို မရုတ်ဘဲ သည်အတိုင်း ထားလိုက်တာမို့ မိုးရေတွေက လက်ဖဝါးကနေ အောက်ကို လျှောဆင်းကြကုန်၏။ မိုးက အရမ်း မသည်းပါဘူး။ ခြေထောက်တွေလည်း မလှုပ်ချင်ဘူး။ ဖြစ်နိုင်မယ်ဆိုလျှင် သူ သည်နေ့ အိမ်ကိုတောင် မပြန်ချင်ဘူး။ စိတ်က မပြန်ချင်တာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ သည်အတိုင်း သူ့ခြေထောက်တွေကသာ လှုပ်ရှားဖို့ ခဲယဥ်းနေရုံသာ။

" ဟယ်လို "

အသံပိတ်ထားတဲ့ ဖုန်းကို လက်က ကိုင်ထားတော့ ဖုန်းဝင်လာတာနဲ့ ချက်ချင်း ကိုင်လိုက်မိသည်။ မကြာခင် အိမ်ထောင်ပြုတော့မဲ့ အစ်ကိုဖြစ်သူက သူ အိမ်ပြန်ရောက်ပြီလားဆိုတဲ့ အကြောင်းကို လှမ်းဆက်မေးတာပဲ ဖြစ်မှာပေါ့။

" ဂျောင်ဝူး ... အိမ်ပြန်ရောက်ပြီလား ? "

" မရောက်သေးဘူး။ ကားမှတ်တိုင်မှာ။ ကားလာတော့မှာမို့ ဖုန်းချပြီ "

တစ်ဖက်က ' ခဏနေပါဦး ' ဆိုတဲ့ အသံကို သူ လျစ်လျူရှုထားလိုက်သည်။ ကားမှတ်တိုင်မှာ ဘာကားမှ မတွေ့ရသေးဘူး။ မိုးက မသည်းသလို၊ တော်ရုံနဲ့ တိတ်မှာ မဟုတ်ဘူး။ မိုး မတိတ်မချင်း သူလည်း အိမ်ရော ပြန်ဖြစ်ပါ့မလား မသိဘူး။

နောက်ထပ် ဖုန်းတစ်ကောလ် ထပ်ဝင်လာပြန်သည်။ အစ်ကိုကြီး မဟုတ်တော့ဘဲ တခြားတစ်ယောက်။ ဖုန်းကိုင်ရမလား၊ မကိုင်ဘဲ နေလိုက်ရမလားဆိုပြီး အတွေးတွေ များနေရတဲ့ကြားထဲမှ သက်ပြင်းမဆိုသလောက် ချလိုက်ကာ သူ ဖုန်းကိုင်လိုက်မိသည်။ မကိုင်တဲ့အထိ ပြတ်သားရအောင် တခြားသူ ဆက်တာမှ မဟုတ်ဘဲ။ အရင်းနှီးဆုံး လူသားဆီက ဖုန်းပဲလေ။

" အင်း ... ကားမှတ်တိုင်ကို ရောက်နေပြီ "

တစ်ဖက်က " ဘယ်ရောက်နေပြီလဲ ? " ဆိုတဲ့ အမေးကို ဂျောင်ဝူး လေးပင်စွာဖြင့် ထိုသို့ဖြေလိုက်မိသည်။

hurting : an art of love Where stories live. Discover now