Part 6

747 92 8
                                    

Unicode

"ဪ... ကျွန်တော့်နာမည်ပတ်ဆောင်းဟွန်းပါ"

"အီဟီဆွန်းပါ"

ဂျယ်ယွန်းဤနေရာကနေ အမြန်ထွက်သွားချင်ပြီ။ ဖြစ်နိုင်ရင် သူတို့နှစ်ယောက်ကိုမရင်းနှီးသွားစေချင်ဘူး။ သိလဲမသိစေချင်ဘူး။ မုန်းတဲ့သူနဲ့ သဘောကျချင်နေမိတဲ့သူကို မသိကျွမ်းမရင်းနှီးစေချင်ဘူး။ စကားလဲမပြောစေချင်ဘူး။ သို့ပေမယ့် ကံတရားကသူ့သဘောကိုမလိုက်လျောပေးချင်ပုံရသည်။

ဆောင်းဟွန်းကပြုံးနေသည်။ မပြုံးစေချင်ဘူး။ အတ္တကြီးတယ်ဆိုလဲဟုတ်သည်။ သူအတ္တကြီးသည်။ သူထပ်ပြီး ထပ်ပြီးမဖြစ်ချင်ဘူး အဖြစ်မခံနိုင်ဘူး။

"ဘယ်လောက်လဲ"

သူဒီနေရာကနေအမြန်ထွက်သွားဖို့လုပ်ရမည်။
ကျသင့်ငွေအားရှင်းပြီးနောက်

"ဆောင်းဟွန်း သွားကြရအောင်"

"မစားတော့ဘူးလား ဂျယ်ယွန်း"

စားချင်စိတ်ပျောက်သွားတာအခုနကတည်းက။ ဒီနေရာကနေအမြန်ထွက်သွားချင်တာဘဲသိသည်။ ဆောင်းဟွန်းနဲ့ဟီဆွန်းကို အတူမရှိစေချင်တာကိုဘဲသိသည်။

"မစားချင်ဝောာ့ဘူး အိမ်ပြန်ပြီးဘဲနားချင်တယ်"

"အာ...အဲ့လိုဆိုလဲပြန်ကြတာပေါ့"

"အင်း"

"အဲ့ဒါဆိုကျွန်တော်တို့သွားလိုက်ပါဦးမယ် ဟီဆွန်းရှီး"

အီဟီဆွန်းအား နှုတ်ဆက်နေသေးသည့် ဆောင်းဟွန်းကြောင့် ဂျယ်ယွန်းပို၍ပင်စိုးထိတ်ကာ ဒီကနေအမြန်ဆုံးပင်ထွက်သွားချင်တော့သည်။

"ဂျယ်ယွန်း"

သူကတော့မနှုတ်ဆက်ဘဲသွားမည်အလုပ် သူ့အားလှမ်းခေါ်လာတဲ့အီဟီဆွန်းရယ်။

"အတူပြန်ကြရအောင်"

အီဟီဆွန်းရဲ့စကားအဆုံး သူမျက်မှောင်ပင်ကြုံ့မိသွားသည်။ သူကအမြန်ထွက်သွားချင်ပါတယ်ဆိုမှ ဘယ်လိုတွေဖြစ်နေရတာလဲ။

"ရတယ် ဆောင်းဟွန်းနဲ့ဘဲပြန်လိုက်မယ်"

"ကျွန်တော်တို့အတူပြန်ကြမလား?"

What if we rewrite the stars? (Completed)Where stories live. Discover now