Uni
Jen ကျောင်းထဲ ရောက်နေတာတောင် စိတ်က lice ဆီပဲရောက်နေတယ် အဓိက ကတော့ အဲ့ကောင်မလေးကဘယ်သူလဲ.....
Chae-Jenဘာတွေတွေးနေတာလဲငါခေါ်တာကြာနေပြီ....
Jen-အော် sorry chae ငါညက အိပ်ရေးမဝလို့ ဘာပြောဖို့လဲ ?
Chae- မနက်ဖြန် ကျောင်းလေ့လာရေးခရီးအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲမေးနေတာ....
Jen-အာ....ဟုတ်သားပဲ ငါမေ့နေတာ ကျောင်းဆင်းမှပဲ ဝင်ဝယ်တော့မယ် နင်ပါလိုက်ခဲ့...
Chae-အေးပါ ငါမပြောရင်နင်တော့သွားပြီ အဲ့တော့မုန့်ဝယ်ကျွေးလိုက်တော့....
Jen-အမလေးဟုတ်ပါပြီ အစားသရဲလေးရယ်...
Chae-ဘာအစားသရဲလဲ အစားအသောက်ချစ်မြတ်နိုးသူလို့ခေါ်တယ်ဟဲ့....😒
Jen-အေးပါ အေးပါ ငါမှားတာ ကျွေးပါ့မယ်နော်.....
Liceတို့ကျောင်းဆင်းတာနဲ့ အိမ်အတွက်ညစာချက်ဖို့ ဆိုင်တစ်ဆိုင်ထဲမှာ ဝင်ဝယ်လိုက်ကြတယ်...
Somi- Oppa ဒီည ဝက်သားကင်နဲ့ soju လေးသောက်ကြမလား
Ji-ကောင်းလိုက်တဲ့ အကြံ သောက်ရအောင်lice....
Lice-Ok လေ အများကြီးတော့မသောက်ရဘူးနော်...
Somi-ဟုတ်ကဲ့ပါOppaရဲ့....
Liceတို့လဲဝယ်စရာရှိတာဝယ်ပြီး အိမ်ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ ညစာစားဖို့ချက်ကြတယ် အမဲသားရယ် ကင်မ်ချီ
ရယ် ပြီးတော့ စားပြီးရင်သောက်ဖို့လဲအဆင်သင့်လုပ်ထားလိုက်တယ်...Lice-somiအများကြီးမသောက်ရဘူးနော်
Somi-သိပါတယ် Oppa ကလဲ...
Lice-ji လာတော့လေ မင်းပြောလို့မဝသေးဘူးလား?
Ji-လာပါပြီဟ မင်းကလဲ အေးဆေးပေါ့ ခုဏမှ ညစာစားပြီးတာကို....
Lice-မင်းတို့ပဲ သောက်ချင်လှပါရဲ့ဆိုလို့လေ ဘာလဲမသောက်ဘူးလား...
Ji-ဟဲဟဲ စတာကို မင်းကလဲ....သောက်မယ်...
မသောက်ရတာကြာလို့လားမသိဘူး သောက်လို့ကောင်းလိုက်တာ သုံးထပ်သားလေးကလဲ နှုးညံပြီး ပါးစပ်ထဲရောက်တာနဲ့ပျော်ဆင်းသွားတာပဲ...
YOU ARE READING
ကိုယ့်ရဲ့ Daisy (Complete )
Romanceအတိတ်.... အဲ့အတိတ်က ကျွန်တော့်အတွက် မှောင်မိုက်ခြင်းဘဲ အဲ့အမှောင်ထဲကနေပြန်မထွက်နိုင်လောက်ဘူး အမှောင်ဘက်အခြမ်းမှာ အလင်းပေးနိုင်တဲ့ တစ်ဦးထဲသောသူကမင်းပဲ.... #Lice ရှင့်ရဲ့အတိတ်ထဲကနေ ကျွန်မရှင့်ကိုလွတ်မြောက်စေချင်တယ်.... #Jennie ဒီFicက Ravi ရဲ့လက်တွေ့ဘ...