Part 1

11.1K 619 38
                                    

Unicode

မှောင်ရိပ်ကျနေသည့် လမ်းထက်။

ဆိုးလ်ကနေ ဂျယ်ဂျူးဘက်ကို လာတာမို့ နာရီအနည်းငယ်ကြာမြင့်သည်။ ဂျယ်ဂျူးမြို့နားက ရွာလေးကို ဦးတည်သွားသည်။

ကားရဲ့နောက်ခုံတွင် လက်နှစ်ဖက်ကို ကြိုးတုတ်ခံထားရကာ သတိမေ့မျောနေသည့် Taehyung က မေ့ဆေးအရှိန်ကြောင့် ယခုထက်ထိ မနိုးလာသေးပေ။

ကားမှန်ကနေ ကြည့်လိုက်တော့ ဖြူစင်စွာ အိပ်ပျော်နေသည်။

မင်းဘဲ ကောင်းပါတယ်။ လုပ်ချင်တာတွေလုပ်ပြီး အကောင်းဆုံးနေတာပေါ့။ 

မပေးနိုင်ဘူး။ အမွေတွေကော Kim Taehyung ဆိုတဲ့ ကောင်လေးကိုကော။

မိနစ်အနည်းငယ်လောက်မောင်းပြီး ရွာလေးတစ်ရွာသို့ ရောက်သွားသည်။

မီးမရှိသလို သိပ်ကိုဘာမှမရှိသည့် နေရာ။ နေအိမ်လေးတွေကလည်း သေးသေးလေးတွေနှင့် သိပ်ကိုချစ်စရာကောင်းနေသည်။

Jungkook သည် သူ့ရဲ့ ခြံအကြီးကြီးထဲကို ဝင်လိုက်ပြီး ပျဉ်တွေနဲ့ ဆောက်ထားသည့် နှစ်ထပ်အိမ်ရှေ့တွင် ကားကို ရပ်လိုက်သည်။

ထို့နောက် ကားပေါ်က ဆင်းလိုက်တော့ အိမ်ထဲကပြေးထွက်လာသည့်ကောင်လေးတစ်ယောက်။

"ဗိုလ်ကြီး...ဆိုးလ်မှာ မအိပ်ဘူးလား..."

"အင်း...."

တုံ့ပြန်မှုတစ်ချက်ပေးလိုက်ပြီး ကားနောက်တံခါးဖွင့်ကာ သတိမေ့နေသည့် Taehyung ကိုပွေ့ချီလိုက်သည်။

"သူက..."

"နောက်တော့ သိလာလိမ့်မယ်..."

"ဗိုလ်ကြီးက ယောကျာ်းခိုးလာတာလား"

 ထိုစကားကြောင့် Jungkook က ထိုကောင်လေးအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လာသည်။

"ကလေးက ကလေးနေရာနေစမ်း...အလုပ်ပြုတ်ချင်ပြီလား"

"အော...အော...ကျွန်တော်ရေနွေးအိုးတည်ထားလို့ သွားလိုက်ပါအုံးမယ်"

Jungkook ရဲ့ ဒေါသကို သိသည်မို့ အမြန် Jungkook ရှေ့မှ ပြေးထွက်သွားလေသည်။

ထို့နောက် ပွေ့ချီထားသည့် Taehyung ကို တစ်ချက်ငုံ့ကြည့်လိုက်တော့ အိပ်စက်နေတုံး။

Behind The Heart (Completed) Where stories live. Discover now