နွေဦးစတွင် ရော်ရွက်ဝါများ မြေခကာ ပတ်ဝန်းကျင်တစ်ခုလုံး ခပ်ဆွေးဆွေး အဝါရောင်ဖြင့်လွှမ်းခြုံထားသည်။
သူဒီမြို့လေးကို ဘာကြောင့်ပြန်လာမိခဲ့တာပါလိမ့်။ဟုတ်တယ် နွေဦးရောက်တိုင်းကျွန်တော် သူ့ကိုလိုက်ရှာနေမိတာ။ ကျွန်တော်သူ့ကိုမမေ့ပစ်နိုင်ဘူး။ အဲ့ဒီ့အတွက်နည်း နောင်တမရဘူး။ သူကကျွန်တော့်ရဲ့ ထာဝရအချစ်ဆုံးပဲ။
"မင်းဘယ်ရောက်နေတာလဲ"
သူခပ်ဖွဖွအသံထွက်ရုံလေးရေရွတ်လိုက်သည်။သူထွက်သွားခဲ့တာ ဒီနွေဦးနဲ့ဆို
နှစ်နှစ်တောင်ရှိခဲ့ပြီ။ မင်းမရှိပဲနဲ့ ငါတစ်ယောက်တည်း အသားမကျနိုင်သေးဘူး။
ကျေးဇူးပြုပြီး ကံတရားရယ် သူနဲ့ကျွန်တော့်ကို တစ်ကြိမ်လောက်တော့ပေးဆုံပါ။ ကျွန်တော် သည်နေရာလေးမှာပဲ နွေဦးရောက်တိုင်း
ရင်ထဲကနေ သေချာဆုတောင်းမိသည်။ အေးချမ်းသော မြို့လေး၏အစွန်တွင်ရှိသော ရော်ရွက်ပင်ကြီးသည် လှပသော်ညား
လွမ်းရသည်။ ချစ်ရသူပါး သိပ်ကို သူသွားချင်ခဲ့သည်။သူတစ်နေကုန်အပင်အောက်မှာ တမှိုင်မှိုင် ထိုင်နေခဲ့ပြီး နေဝင်ခါနီးမှ
သူပြန်ခဲ့သည်။
အိမ်ပြန်ချိန်တစ်လျှောက် နေဝင်ဆည်းဆာ ချိန်ကသိပ်ကိုလှလွန်းပါသည်။ ဖြူနီဝါပြာ တို့ရောစပ်လျက်ရှိသောကောင်းကင်ယံကိုဖြတ်၍ ငှက်များ အုပ်စုလိုက်ပျံသန်းသွားကြသည်။တောင်ကမူလေးများ ကိုကျော်ဖြတ်ပြီးချိန်မှာ သူနှင့်တုန်းက သစ်သားတဲအိမ်လေးဆီကိုပြန်ရောက်လာခဲ့သည်။
ညစာကို ရှိတဲ့ ဒန်အိုး ဒန်ခွက်လေးတွေနဲ့ အာလူးဟင်းကိုချက်လိုက်သည်။ ဗစ်တာနဲ့တုန်းက အတူစိုက်ပျိုးခဲ့တဲ့ သည်ဥယျာဉ်ခြံလေးက ခုတော့ သီးပင်စားပင်တွေဝေဖြာလို့။
ညစာစားပြီး ဗစ်တာအသက်ရှိခဲ့စဉ်က ပုံလေးတွေကိုပြန်ကြည့်နေမိသည်။ ဓာတ်ပုံတွေက အကောင်းဆုံးသော အမှတ်တရတွေပါဆိုတဲ့စကားလေးကိုအမှတ်ရမိသည်။ တချို့ကတော့ အဆိုးဆုံးဆိုတဲ့အမှတ်တရကိုပေးတယ်မလား။
သူတစ်ပုံချင်းဆက်ကြည့်နေမိသည်။ ဗစ်တာ့ရဲ့ မွေးနေ့တုန်းက
ပြုံးပျော်နေတဲ့ဗစ်တာ့ပုံလေးတွေ။