ep1

3.2K 54 4
                                    

Unicode

☎️ ကလင်.... ကလင် ☎️

"ဟဲလို... "

"ဟဲလို.. မီးမီးလား။ သွန်းလေးရှိလား။...သူ့ဖုန်းဆက်တာ စက်ပိတ်ထားလို့ မနိုးသေးဘူးလားလို့။"

"အမလေး...မနက်ထဲက အစောကြီး နိုးပြီး မနက်စာတောင်မစားနိုင်ဘူး ထွက်သွားတာ ကိုဒွန်းရေ..."

"ဟ...ဘယ်သွားတာလဲ။...ဒီနေ့ သင်တန်းကလဲ ညနေမှပါ။...ဘာမှလဲ ပြောမသွားဘူး။..ဒီကလေးမနဲ့တော့ကွာ။.."

"မသိဘူးလေ။ မီးကိုလဲ အပြင်သွားဦးမယ်ပဲ ပြောသွားတာ။"

"အွန်း..အွန်း...ဖုန်းခေါ် ကြည့်လိုက်ဦးမယ်။ ဒါပဲနော်။."

"အော်.. ဒါနဲ့‌ေလ ကိုဒွန်း...မနေ့ကစျေးသွားတော့လေ..ဟိုဘက် လမ်းကျော်က အန်တီကြီးတို့ အိမ်မှာ ဒီနေ့ဝိုင်းသစ်စမယ် ဆိုပြီး ကြားခဲ့တာ အဲ့ကိုသွားတာလား မသိဘူး။..."

"ဟာကွာ... အကို သွားကြည့်ပြီး ခေါ်လိုက်ဦးမယ်။"

"ဟုတ် ဟုတ် အကို နဲနဲလောက် ဆုံးမပေးပါရှင်...ပြောမရဆိုမရလေးကို.."

"အေး..အေး ဒါပဲနော် မီးမီး"

"ဟုတ် ဟုတ် "

ဒွန်းတယောက် ဖုန်းပြောပြီး ချက်ချင်း ထွက်လာခဲ့ရသည်။စိတ်ထဲတွင် "ဒီနေ့တော့ ဒီကလေးမ သေပြီပေါ့ကွာ" ဟုသာ ကြုံးဝါးနေသည်။ စိတ်လဲပူမိသည်‌။

"သွန်းလေးကတော့ တော်တော်လေးဟုတ်နေပြီ...ဒီနေ့ကသွန်းလေးနေ့ပဲ..."

"အမယ်...သွန်းက နေ့တိုင်း ရှုံးတယ် လို့မရှိပါဘူးနော် မ မြတ်ရင်တောင် အရင်း‌ ကျေတယ်"

ဟုတ်လဲဟုတ်ပါသည်။ သွန်းက ဖဲဝိဇ္ဇာ မဟုတ်ရုံတမယ်...တခါမှ မရှုံးခဲ့...ခုလဲ ပါလာတာ တသောင်း။ ပြန်ရတာတသိန်းကျော်နေပြီ...အရွယ်နဲ့မလိုက်အောင် ဖဲကိုင်ကျွမ်းသည်။

"အန်တီချို...အန်တီချို ရေ"

"မိသိန်းရေ...အိမ်ရှေ့မှာ ဘယ်သူလဲမသိဘူး။ ခေါ်နေတယ်.။.သွားကြည့်လိုက်ဦးလေ။"

"ဟုတ်ကဲ့ ပါ မမ"

"မမရေ ကိုဒွန်း ရောက်နေတာပါ"

ကြင်နာသူရဲ့  အရိပ်အောက်ဝယ်Where stories live. Discover now