"ကိုကိုရေ..."
"ကိုယ့် ကလေးလေးက ရေသောက်ချင် လို့လားဗျ...နောက်ဘက်မှာ..အသစ်တဗူး..ရှိတယ် ယူသောက်လိုက်နော်..."
"ဟာဗျာ... ကိုကို့ ကို ခေါ်တာလေ....ရေတောင်းတာမှ မဟုတ်တာ.."
"ဟားဟား... ကိုကို က ချစ်လို့စတာ ပါဗျာ... လာပါအုံး...ပါးလေးရှေ့တိုးပါအုံး..."
"အရူးကြီး... ကားကိုသေချာမောင်း...နှာဘူး ထမနေနဲ့"
"ကိုယ့် ကောင်မလေးကို နှာဘူး ထတာအပြစ်လား😒...."
"ထားပါတော့... ဘဲကြီးရေ ဒီနေ့ဝက်နံရိုးကင် မစားချင်ဘူး🥺"
"အာ့ဆို...ကလေးက ဘာစားချင်လဲ..ကိုယ်ကိုယ့်ကိုစားမလား...ဟဲဟဲ😎"
"နှာဘူး...ကြီးကိုမစားပါဘူး...hot pot ဘူဖေးစားချင်တယ်...ဟဲဟဲ...နေ့လည်စာစားချိန်လဲ ရောက်နေပြီလေ...ဘူဖေးဆိုတော့..အဝဆွဲမယ်...မနက်စာလဲမစားရသေးတော့...ဗိုက်ဆာနေတာနဲ့အတော်ပဲ...🤤"
"ဟုတ်ပါပြီ... ဗျာ... ဒါမဲ့ ကလေးတယောက် ထဲ ပဲစားနော်...ကိုကို မလိုက်တော့ဘူး "
"ဘာလို့ လဲ 😐"
"ကိုကို့ ကလေးလေး..စားတာကြည့်ပြီး...ဆိုင်က သူတို့အရင်းပြုတ်ပြီဆိုပြီး..ရိုက်ထုတ်ခံရမှာစိုးလို့😆"
"ဟာ...ကိုကို နော် သွန်းက အစားမကြီးပါဘူး😏"
"အစားကြီး လားမကြီးလား... ဗိုက်လေးကိုပဲကြည့်တော့ဗျာ...လူသာသေးတာ...ဗိုက်ပူပူလေး🥺...မလိမ်မာ ရင် အဲ့ဗိုက်ကြောကို...ကိုက်စားပစ်မှာ"
"အမယ်...လိမ်မာရင်ရော...မကိုက်တာကျ...အသဲယားလို့..ဘာညာဆိုပြီး တော့ အရူးကြီး 😒"
ကားထဲတွင်စနောက်ရင်းဆိုင်ကိုဘယ်လိုရောက်သွားမှန်းမသိလိုက်..
"ကလေးလေး...ကြိုက်တဲ့..ခုံမှာထိုင်နှင့်...ကိုကို ပိုက်ဆံ ရှင်းပြီး လာခဲ့မယ် "
"ဟုတ် "
"ဟ...ကိုကို့..ကလေးလေး...အသားတေတောင် ကင်နေပြီလား..မြန်လိုက်တာ "
"ဟဲ" ..တခြားနေရာမှာ နှေးရင်နှေးမယ်...ဒီနေရာမှာ တော့ မြန်ပြီး သား😝"
YOU ARE READING
ကြင်နာသူရဲ့ အရိပ်အောက်ဝယ်
RomanceUnicode အသက်အရွယ် ကွာခြားတဲ့ relationship မှာ ကောင်မလေးရဲ့ ချစ်စရာဆိုးသွမ်းမှု ကောင်လေးရဲ့ ထိန်းကွပ်နိုင်မှု...တွေကိုမြင်တွေ့နိုင်မဲ့ ficလေးပဲ ဖြစ်ပါတယ်😛 ဒွန်း... "ဆိုးလေ..ကလေးရဲ့ မင်းဆိုးနိုင်မလား... ကိုယ်ပဲဆုံးမနိုင်မလား" သွန်းလေး..... "ဒီဘဲကြီး...