ကိုယ့်နှလုံးသားလေးကို လက်ဆောင်ပေးမယ်

270 40 18
                                    

ညနေပြန်တော့ Haruto က တကယ်ကြီး သူ့စက်ဘီးနား ရောက်လာကာ မတ်တပ်ရပ်သည်။ မသိလျှင်တာဝန်ကြီးတစ်ခုလိုမျိုး မဖြစ်မနေမို့လာရသည့်ရုပ်နှင့် ကျောပိုးအိတ်ကို ဟန်နှင့်ပန်နှင့်လွယ်ရင်း ဘောင်းဘီအိတ်ထဲလက်နှိုက်လျှက် သူ့နံဘေး၌ အကျအန။ Jeongwoo က မသိစိတ်အရ စက်ဘီးကို သူ့ဘက်သူဆွဲထားရင်း...

''ဘာလာလုပ်တာလဲ?''

Haruto က မျက်နှာတည်နှင့်...

''ဘော့ပင်လိုက်ယူမလို့လေ...''

''Yar...အဲ့လောက်ထိမလိုဘူးလေ...''

Haruto - ''....''

Jeongwooက စက်ဘီးဒေါက်ဖြုတ်ရင်း ပြောလိုက်သည်။

''ဒီနားကဆိုင်မှာ သွားဝယ်လိုက်မယ်...''

Harutoက ရှေ့ကိုအနည်းငယ်တိုးသွားတဲ့စက်ဘီးကို လက်နဲ့ဆွဲထားရင်းပြောသည်။

''ဒီနားကဆိုင်တွေမှာ တစ်ဆိုင်မှ အဲ့လိုဘော့ပင်မရှိဘူး...''

Jeongwoo က စက်ဘီးနောက်ခုံပေါ်က Haruto၏ လက်ကို ဆွဲဖယ်လိုက်ရင်း ပြောသည်။

''မရှိလဲမနက်မှယူ...''

သို့သော် သူဆွဲဖယ်သည့်လက်ကတုတ်တုတ်တောင်မလှုပ်။ စက်ဘီးပေါ်ကော်နှင့်ကပ်ထားသည့်အလား။

အချိန်အတန်ကြာအောင် Park Jeongwoo တစ်ယောက် Haruto မျက်လုံးချင်းစစ်တိုက်ရင်း ကြိုးစားပမ်းစားနှင့် Haruto၏လက်ကိုဖယ်ရှားနေခဲ့ပြီး နောက်ဆုံး၌မူ....

''ငါ့ခါးကိုမထိနဲ့ ယားတယ်...''

Harutoက သူ့လက်ကိုပြန်ရုတ်လိုက်သည်။ ခဏကြာတော့ Jeongwoo ၏ ခါးအင်္ကျီစကိုပြန်ကိုင်လိုက်ပြန်သည်။

Jeongwoo - ''....''

Haruto က ပြောသည်။

''မင်းစက်ဘီးနင်းနေတာ လဲတော့မယ့်ပုံနဲ့ ငါပြုတ်ကျမှာစိုးလို့...''

Jeongwoo - ''ဘယ်သူက မင်းကိုလိုက်စီးခိုင်းလို့လဲ?''

အဲ့အချိန်တုန်းက ကျွန်တော်မသိခဲ့ဘူး။ နုံတယ်အတယ်ဆိုရင်လဲ ကျွန်တော်တကယ်နုံအခဲ့တာပါပဲ။ Harutoက ကျွန်တော့်ကိုတကယ်သဘောကျနေမယ်လို့မထင်ခဲ့ပါဘူး။ အဲ့လောက်ထိ လက်တွေ့မကျတဲ့ အကြောင်းပြချက်တွေကိုတောင် ကျွန်တော်က သူ ကျွန်တော့်ကို Lee Soyoungကြောင့် နှောက်ယှက်တယ်လို့ထင်နေတုန်းပဲ။

Stawberries & Cigarettes (Hajeongwoo one short)Where stories live. Discover now