ကျွန်တော်နှင့်အဲလီယာ part2
"နေသန် ကျွန်မကို ကူညီပါဦး"
အဲလီယာပုံစံဟာ ဆောက်တည်ရာမရနေသန် အဲလီယာ့ရဲ့ ဒီလိုတုန်လှုပ်နေတဲ့ပုံစံကိုတစ်ခါမှမမြင်ဖူးပါ
နာကျင်နေတဲ့သားကောင်ငယ်လေးတစ်စုံတစ်ရာစီက ထွက်ပြေးနေသလိုပေါ့
"ဘာဖစ်တာလဲ အဲလီယာ မင်းကို ဘယ်သူတွေနှောက်ယှက်လို့လဲ ကိုရှင်းပေးမယ်"
ဒီနယ်ဟာ သူ့ပိုင်နက်ပါဘဲ သူ့မိန်းကလေးကို ဘယ်သူများထိဝံ့သလဲ
"ဟင့်အင်း ဟင့်အင်းနေသန် ရှင်မလုပ်နိုင်ဘူး"
"ကိုယ်ရှင်းပေးနိုင်ပါတယ်ကွာ ပြောပါအဲလီယာဘာဖစ်တာလဲ"
"မဟုတ်ဘူးနေသန် ရှင်မလုပ်နိုင်ဘူး"
သူ့မျက်ခုံးတွေတွန့်ချိုးစွာနဲ့ အဲလီယာ့ကိုကြည့်မိတယ်
လှပတဲ့မျက်နှာလေးဟာ ခုတော့ ချွေးစေးတွေနဲ့ဖြူဖျော့ ကြောက်ရွံ့လို့နေတယ်အတိတ်တွေနေမှာပေါ့ အဲလီယာ့နောက်လိုက်တာဟာ
နေသန်သူမရဲ့ သေချာနေတဲ့မျက်ဝန်းတွေကိုကြည့်ပီး သက်ပြင်းချမိတယ်"ကိုယ်ဘာလုပ်ပေးနိုင်မလဲ အဲလီယာ"
"ထွက်ပြေးရမယ် ဟုတ်တယ် ထွက်ပြေးရမယ်နေသန်"
"ရှင်ကျွန်မကို ဘယ်သူမှမတွေ့နိုင်တော့တဲ့နေရာထိခေါ်သွားပေးပါ"
"ကောင်းပီ လိုက်ခဲ့"
......................................
"I am in a field of dandelion wishing on everyone that you would be mine~~~~mine"မှန်လုံဂျစ်ကားလေးထဲမှာ သီချင်းသံလေးကခပ်ငြိမ့်ငြိမ့်
အဲလီယာဟာ ဒီသီချင်းကိုသဘောကျသလို Dandelion တွေကိုလည်းသဘောကျတယ်
တစ်ခါကတောင်ပြောဖူးတယ် သူမကိုရှာမတွေ့တော့ရင် Dandelion ပန်းခင်းထဲမှာဘဲ စောင့်နေပေါ့လေတဲ့ သူမရောက်ချင်ရောက်လာမှာပေါ့တဲ့
အဲလီယာဟာ တကယ်ကို ကတိမပေးတတ်တဲ့ပုံပါဘဲ
ရောက်ချင်မှ ရောက်လာမည်တဲ့"နေသန်.....အမြန်အမြန်"
တငြိမ့်ငြိမ့်ဖစ်နေတဲ့သူ့စိတ်ကူးထဲကို အဲလီယာရဲ့ ခပ်လောလောအသံဟာဝင်လာတယ်