Description

2.7K 294 28
                                    

ကျန်းလော့အမည်ရ သာမန်လူသားတစ်‌ယောက်သည် တစ်စုံတစ်ဦးနှင့် ONS*ခဲ့ပြီးနောက် ကိုယ်ဝန်ရခဲ့သည် ။ ထို့အပြင် သူ၏ ဝမ်းကြာတိုက်အတွင်း လွယ်ထားရသည့် အနှီ*သားလောင်းလေးသည် ......... လူသားစင်စစ်တစ်ယောက် ဟုတ်မနေခဲ့ ။

ကြယ်စင်ရာစု၏ ၂၅နှစ်မြောက်ကာလ၌ လူသားတို့သည် အလင်းမဲ့ကြယ်*အမည်တွင်သော ဂြိုဟ်တစ်လုံးပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြသည် ။ ထိုဂြိုဟ်ပေါ်တွင် လူသားတို့၏ အခန်းကဏ္ဍမှာ မှေးမှိန်လွန်းလှသည် ။

မူလနေထိုင်သူ အလင်းမဲ့ကြယ်လူမျိုးများသည် စွမ်းအားကြီး၍ မောက်မာကြသည် ။ သူတို့သည် စကြဝဋာကိုအုပ်စိုးသော စွမ်းအားရှင်များဖြစ်ကြသော်လည်း အားနည်းချက်မှာ ကိုယ်ဝန်ရရန် ခဲယဥ်းသောကြောင့် သားဖွားနှုန်း အလွန်နိမ့်ကျလွန်းခြင်းပင် ။ နှစ်ပေါင်းရာထောင်ချီကြာမြင့်သည့်တိုင် မျိုးဆက်သစ်တစ်ဦးသော်မျှ ထွန်းကားနိုင်စွမ်းမရှိခဲ့ ။

တစ်နေ့သ၌* ကျိုးလော့၏ ဝမ်းကြာတိုက်တွင်း မအီမသာဖြစ်ကာ စတင်၍ အော့အန်ပေတော့သည် ။

" ဝေါ့ !! "

သန္ဓေတည်စ အနှီအလင်းမဲ့ကြယ် သားပေါက်လေး၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် အချင်းဝက်ကီလိုမီတာ အနည်းငယ်မျှထိ ဖုံးလွှမ်းသွားလေတော့သည် ။

ထိုအချင်းအရာကြောင့် သက်ဝင်လှုပ်ရှားနေသော အလင်းမဲ့ကြယ်လူမျိုးများ ‌ဆတ်ခနဲ တောင့်ခဲသွားကြသည် ။

နှစ်သန်းပေါင်းများစွာကြာပြီး အဆုံးသတ်တစ်နေ့တွင်တော့ အလင်းမဲ့ကြယ်၏ သားလောင်းလေး ဖြစ်တည်လာခဲ့ချေပြီကော* ။

ယင်းသားပေါက်လေး၏ ဖခင်ကို သူတို့ သိချင်လာကြသည် ။

ထို့နောက် သိက္ခာသမာဓိအရာ၌ အမြင့်မြတ်ဆုံးသော ဘုန်းတော်ကြီးတစ်ပါးမှ တရားဝင် ကြေညာချက် ထုတ်ပြန်သည် ။

" မျိုးဆက်သစ်တစ်ယောက်အတွက် အကောင်းဆုံးပညာအမွေကို လက်ဆင့်ကမ်းပေးနိုင်တဲ့ တစ်ပါးတည်းသော ဘုန်းတော်ကြီး ဖြစ်ခွင့်ရခဲ့ပြီ "

စကြဝဋာအတွင်းမှ အကြွယ်ဝဆုံးအမျိုးသားသည် တောက်တောက်ပပ  ပြုံး၍ဆို၏။

ငါ့ကိုယ်ဝန်က ဂြိုဟ်တစ်ခုလုံးရဲ့ မျှော်လင့်ချက် (MM trans)Where stories live. Discover now