1

116 8 2
                                    

ကြွေကျတော့မယ့် ဝါဆွေးဆွေးင်းဂိုရွက်တွေနဲ့ အတူသေချာရေရာခြင်းတွေကလည်း ပါသွားခဲ့တယ်

ဒီလူသားက နောက်ဆုံးတော့ သူ့အပိုင်ဖြစ်လာခဲ့ပြီ........♡။

__________________________________
အချစ်က ဆယ်‌ကျော်သက်အရွယ် ရှောင်းကျန့်အတွက်တော့ ရူးသွပ်ခြင်းလေးဘဲ

နေ့တိုင်းမြင်နေကြ မရိုးရတဲ့ ပါးဖောင်းဖောင်းလေးနဲ့ နှာခေါင်းလုံးလုံးလေးကိုလည်း ငေးမယ်

လူတွေမရှိတဲ့ အချိန်မှာ သူ့လွယ်အိတ်ထဲကို ချောကလတ်လေးတွေ ခိုးထည့်မယ် သူ့locker ထဲမှာလည်း စာလေးတွေ ခိုးထည့်မယ်

"ကျန့်ကျန့်..... ဒီနေ့ရော အိုခေလား "

"အွန်းအွန်း ... အိုခေတယ် ကျန့်ကျန့် ဒီနေ့လည်း သေချာထည့်ခဲ့တာ
သူ့ lockerထဲကို "‌

သူငယ်ချင်းဖြစ်သူ ယွီပင်းရဲ့အမေးကို သူခေါင်းငြိမ့်ရင်း ဖြေလိုက်တယ်

ရှောင်းကျန့်က ဝမ်ရိပေါ်ကို သဘောကျလာတာ သုံးလတောင်ရှိပါပြီ စာသင်နှစ်တစ်ဝက်မှ ပြောင်းလာတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ကြည်နူးရာရိပ်မြုံလေး ရှောင်းကျန့်က ဝမ်ရိပေါ်ကိုတော့ သိပ်ချစ်ရပါတယ်။

"ယွီပင်း....သူက ကျန့်ကျန့်ကို ပြန်ပြီးသဘောကျပါ့မလားဟင် သူဘေးနားမှာ ကောင်မလေးတွေအများကြီး ဝိုင်းနေတာ "

"ဝမ်ရိပေါ်ပြန်မကြိုက်တာ ကြိုက်တာက သူ့အပိုင်းလေ ငါ့သူငယ်ချင်းကတော့ အကောင်းဆုံး ကြိုးစားပေါ့ ဟုတ်တယ်မို့လား ကျန့်ကျန့်က ဒီလောက်ချစ်ဖို့ကောင်းတာ ဝမ်ရိပေါ်က ပြန်မကြိုက်ပဲနေမလားနော် "

ယွီပင်းရဲ့ အပြောစကားကြောင့် ရှောင်းကျန့်နားရွက်လေးတွေ ရဲသွားသည် ရှောင်းကျန့်က ချစ်သာချစ်တာပါ အစအ‌နောက်တော့ မခံနိူင် အရမ်းရှက်ရပါသည်။

ဒီနေ့ တစ်ရက်တော့ ရှောင်းကျန့်တစ်ဆင့်တက်ပြီး ရိပေါ်နဲ့ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

စာကြည့်တိုက်မှာ စာလုပ်နေတဲ့ မြတ်နိူးခြင်းလေးဆီသို့ ‌သူသွားလိုက်တယ်

You've reached the end of published parts.

⏰ Last updated: Nov 19, 2024 ⏰

Add this story to your Library to get notified about new parts!

ギンーゴ (One Shot)Where stories live. Discover now